သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများစောင့်မျှော်နေတဲ့ Apple iPhone သစ်တွေထွက်ပြီ


နည်းပညာပိုင်းမှာ ထိပ်တန်းရောက်နေတဲ့ Apple ကုမ္ပဏီက iPhone သစ် ၂ မျိုးနဲ့ Smartwatch နာရီသစ်ကို အင်္ဂါနေ့က ပွဲထုတ်ပြသခဲ့ပါတယ်။

Apple Watch လို့ နာမည်ပေးထားတဲ့ နာရီကနေ တယ်လီဖုန်းဆက်တာ၊ Message ပို့တာ၊ လမ်းညွှန်ပေးနိုင်တာစတဲ့ Application တွေအားလုံးကို လုပ်နိုင်တဲ့အပြင် ကမ္ဘာ့စံတော်ချိန်တွေနဲ့ အချိန်ကိုက်ထားတဲ့အတွက် အင်မတန်မှ တိကျတဲ့ အချိန်ကို သိရမယ်လို့ Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Tim Cook က မိတ်ဆက်ပြသခဲ့ပါတယ်။

လေးဒေါင့် ဒိုင်ခွက်မှာ ပုံစံမတူတဲ့ လက်ပတ်ကြိုးတွေနဲ့ Watch နာရီသစ်တွေဟာ အမှုဆောင်အရာရှိချုပ်ဟောင်း Steve Jobbs 2011 ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက်ပိုင်း ပထမဆုံးထွက်လာတဲ့ Apple ရဲ့ ပစ္စည်းသစ် ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

iPhone သမိုင်းမှာ ခေတ်အမှီဆုံး၊ ရှေ့အပြေးဆုံးလို့ဆိုတဲ့ iPhone 6 နဲ့ iPhone 6 Plus ကိုလည်း အမှုဆောင်အရာရှိချုပ်သစ် Tim Cook က အင်္ဂါနေ့က ပွဲထုတ် ပြသခဲ့ပါတယ်။ iPhone 6 ရဲ့ Screen က 4.7 လက်မ ဒေါင့်ဖြတ်ရှိပြီး iPhone 6 Plus က 5.5 လက်မဒေါင့်ဖြတ် ရှိပါတယ်။

Apple က နောက်ဆုံးဈေးကွက် တင်ထားတဲ့ iPhone 5S ထက် အရွယ်အစား နည်းနည်းပိုကြီးသွားပေမဲ့၊ iPhone သစ်တွေက ပိုပြီး ပါးပါးလေး ဖြစ်သွားပါတယ်။ iPhone 6 နဲ့ iPhone 6 Plus smartphone သစ် ၂ မျိုးကို ဒီနှစ်မကုန်ခင် နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ရောင်းချမှာဖြစ်ပြီး Watch နာရီကိုတော့ ရှေ့နှစ်ဆန်းကျမှ ဈေးကွက်တင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG