သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hezbollah ကို အကြမ်းဖက်အဖွဲ့အဖြစ် အာရပ်အဖွဲ့ချုပ် သတ်မှတ်


လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက်ဝါဒကိုင်စွဲတဲ့ အဖွဲ့အစည်းတခုအဖြစ် အဖွဲ့ဝင် ၂၂ နိုင်ငံပါ အာရပ်အဖွဲ့ချုပ်က တရားဝင် သတ်မှတ်လိုက်ပါတယ်။ ကိုင်ရိုမြို့တော်မှာ သောကြာနေ့က ကျင်းပတဲ့ အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

ဆုံးဖြတ်ချက်ကို အာရပ်အဖွဲ့ချုပ်ဝင် ဝန်ကြီးအများစုက ထောက်ခံခဲ့ပေမဲ့ လက်ဘနွန်နဲ့ အီရန်နိုင်ငံတွေက ဝန်ကြီးတွေက ဒီကိစ္စကို မထောက်ခံတဲ့အတွက်၊ ရှီယာမူဆလင် အီရန်နိုင်ငံနဲ့ ဆွန်နီမူဆလင်တွေ လွှမ်းမိုးထားတဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီတို့ကြားမှာ ဆက်ဆံရေး မကောင်းလှတာကိုလည်း ထင်ဟပ်နေပါတယ်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီကလည်း ဒီလဆန်းမှာပဲ ဟက်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။

အီရန်နိုင်ငံဟာ ဟက်ဇ်ဘိုလာအဖွဲ့ကို အဓိကထောက်ခံတဲ့ နိုင်ငံဖြစ်ပြီး ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ပဋိပက္ခတွေမှာ ဒေသတွင်း ပြိုင်ဘက် ဆော်ဒီအာရေးဘီးယားနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ဘနွန်အစိုးရကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄ ထောင် ပေးမယ့်အကူအညီကို ဆိုင်းငံ့ဖို့ ဆော်ဒီအာရေးဘီးယား နိုင်ငံက ဆုံးဖြတ်ခဲ့ပြီး သီတင်း ၂ ပတ် မပြည့်ခင်မှာပဲ အာရပ်အဖွဲ့ချုပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG