သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ရေကြီး မြေပြိုတာကြောင့် ၄၆ဦး သေဆုံး


ရခိုင်မှာ ရေကြီး မြေပြိုတာကြောင့် ၄၆ဦး သေဆုံး
ရခိုင်မှာ ရေကြီး မြေပြိုတာကြောင့် ၄၆ဦး သေဆုံး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မိုးသည်းပြီး မြေပြို ရေကြီးတာကြောင့် လူ ၄၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ မြန်မာအစိုးရ သတင်းတွေမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းတာကြောင့် မြေပြိုတာတွေဖြစ်ပြီး မောင်တောမြို့နယ်အတွင်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဘူးသီးတောင်မြို့နယ် အတွင်းမှာတော့ ၁၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ မိုးရေချိန်ဟာ ၃၄ စင်တီမီတာအထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ မိုးဟာ တပတ်နီးပါးလောက် ရွာသွန်းခဲ့ပေမဲ့ တနေ့ကစလို့ ရာသီဥတု ပြန်ကောင်းသွားပြီလို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ကုတ်မြို့နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦးဘက်က တံတားအချို့ ပျက်စီးကုန်တာကြောင့် လမ်းအသွားအလာတွေလည်း ယာယီ ရပ်နားထားတယ်လို့ ဘင်္ဂလားဒေ့ရ်ှဘက်က ဗွီအိုအေ မြန်မာ သတင်းထောက်က ပြောပြပါတယ်။

ဘူးသီးတောင်မြို့ ရပ်ကွက် အတော်များများမှာတော့ ရေလွှမ်းမိုးခံထားရပြီး ရေဘေးဒုက္ခသည်တွေကို ကျောင်းတခုမှာ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာပိုင်တွေနဲ့ အခြား ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေကတော့ လှေတွေနဲ့ ရေဘေးဒုက္ခသည်တွေအတွက် သွားရောက် အကူအညီ အထောက်အပံ့တွေ ပေးနေတယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG