သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည်


ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် လုပ်ငန်းတွေ စတင်တော့မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် လုပ်ငန်းတွေ စတင်တော့မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာလည်း ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီးကိုယ်တိုင် လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကို သမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကို လာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။

အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အချင်းချင်း အကြံဉာဏ် ဖလှယ်တာတွေ လုပ်ဆောင်ခဲ့ကြတာပါ။
သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေး ရောက်လာပြီး အစိုးရဖက်က လုပ်ဆောင်ထားသမျှကို သမ္မတကိုယ်စား ရှင်းလင်း တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

“နယ်စပ်ရေးရာဝန်ကြီးက ဒီအဆင့်ဟာ ပြည်ထောင်စုအဆင့် ခန့်ထားတာဖြစ်တယ်။ ဒါကြောင့်မို့ ကော်မရှင်ဟာ လွတ်လပ်စွာနဲ့ သီးခြားဖြစ်တဲ့ ကော်မရှင်ဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်စွာ စစ်ဆေးမေးမြန်းခွင့်လည်းရှိတယ်။ ဆောင်ရွက်ဖို့မှာလည်း ဘာမှ အနှောင့်အယှက်မရှိဆောင်ရွက်နိုင်ပါတယ်။ သူတို့အနေနဲ့ ပံ့ပိုးပေးဖို့ သမ္မတကိုယ်စား လာပြီးတော့ ရှင်းပြရခြင်းဖြစ်ပါတယ်လို့ စပြီးပြောပါတယ်။ နောက်ပြီး နယ်စပ်ရေးရာဝန်ကြီး လုပ်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်ကိစ္စတွေပေါ့ဗျာ။ ဗီဂျေနမ်ဗီးယားလာတာတို့ တူရကီဝန်ကြီးချုပ်လာတာတို့ မစ္စတာကင်တာနားလာတာတို့ ပတ်သတ်တဲ့ ခရီးစဉ်တွေနဲ့ ဓာတ်ပုံတွေကို ပြပြီး ဘယ်နေရာကိုသွားသင့်တယ်ဆိုတာ သူ့အတွေ့အကြုံတွေကို ရှင်းပြတဲ့ကိစ္စပါပဲ။”

ယေဘုယျအားဖြင့်တော့ ဒီစုံစမ်းရေး ကော်မရှင်အနေနဲ့ သမ္မတက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း သူတို့ရဲ့ စုံစမ်း စစ်ဆေးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

“သမ္မတက ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း စုံစမ်းစစ်ဆေးဖို့ နယ်တွေသွားပြီးတော့ သက်ဆိုင်ရာ တွေ့သင့် တွေ့အပ်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖို့ တွေ့တဲ့အခါမှာ ကျနော်တို့ ပြည်နယ်ကနေ အစိုးရတာဝန်ယူပေးဖို့၊ သွားတဲ့လာတဲ့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နောက်ပြီးတော့ သက်သေခံဥပဒေတို့ ရာဇဝတ်မူဥပဒေတို့နဲ့ ပတ်သတ်တဲ့ ကိစ္စများကို တရားရုံးလိုပဲ ခေါ်ယူစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ခရီးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားတဲ့ ကိစ္စတွေပေါ့ သမ္မတရုံးက စီစဉ်ပေးမယ်ဆိုတဲ့အကြောင်းတွေဆိုပါတယ်ဗျ။ အချက်၈ချက်ကို ၈ဖွဲ့ခွဲပြီး လုပ်ရမယ့်သဘောရှိနေတာပေါ့။ အားလုံး သဘောပေါက် နားလည်ကြတယ်။ လုပ်ငန်းအဆင့်ဆင့်ကို ဘယ်လိုလုပ်ကြမယ်ဆိုတာ ၂၅ရက်မှကျမှ တိတိကျကျ စဉ်းစားနိုင်မှာပါ။”

ကော်မရှင်အနေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆပ်ကော်မီတီလေးတွေ ထပ်ဖွဲ့စည်းတာအပြင် ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကိုလည်း တိတိကျကျ သတ်မှတ်သွားဖို့ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုတော့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ဝင်ရောက် လုပ်ဆောင်နေသူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အဖွဲ့ဝင်တွေ အပါအဝင် အဖွဲ့ဝင်စုစုပေါင်း ၂၇ ဦးနဲ့ သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တာပါ။

သြဂုတ်လ၂၁ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော် ဥက္ကဌထံ သဝဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့
သဝဏ်လွှာနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

သဝဏ်လွှာထဲမှာ အဓိကအားဖြင့် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့် ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီး အစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။

သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာကို ပြည်သူ့လွှတ်တော်တဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အဝန်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည် စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘဝရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊ အမျိုးသမီးနှင့် ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊ အစွန်းရောက် အစ္စလာမ် မော်လဝီအချို့သည် ဘာသာရေး မှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည် စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့် သဝဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁၀ မျက်နှာ နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
XS
SM
MD
LG