သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ အေ႐ွ႕ေျမာက္ပိုင္း အႏၲရာယ္႐ွိတဲ့ အေအးလိႈင္း ဝင္ေရာက္


ေရခဲတမွ်ေအးတဲ့ ေလေအးလိႈင္းႀကီး အေမရိကန္ အေ႐ွ႕ေျမာက္ပိုင္းကို ဝင္ေရာက္ေနတဲ့အတြက္ ဝါ႐ွင္တန္ၿမိဳ႕ေတာ္အပါအဝင္ အေ႐ွ႕ေျမာက္ပိုင္းၿမိဳ႕ေတြက ေဒသခံသန္းနဲ႔ခ်ီ ေအးခဲတဲ့ဒဏ္ကို ခံစားေနၾကရပါတယ္။ ေအးခဲတဲ့ေလေတြ တိုက္ခတ္မယ္လို႔ နယူးျပည္နယ္မွာ သတိေပးခ်က္ ထုတ္ျပန္ထားၿပီး၊ အိမ္ျပင္ကို အခ်ိန္အကန္႔အသတ္ထား ထြက္ၾကဖို႔ တာဝန္႐ွိသူေတြ သတိေပးထားပါတယ္။

စုစုေပါင္း လူဦးေရ ၁၆ သန္းေလာက္႐ွိေနတဲ့ Massachusetts ၊ Connecticut ၊ Rhode Island ၊ New Hampshire ၊ Vermont နဲ႔ Maine ျပည္နယ္ေတြမွာလည္း ေလေအးေတြ တိုက္ခတ္တဲ့အတြက္ ေရခဲမွတ္ေအာက္ ၇၉ ဒီဂရီ Celsius ေလာက္အထိ ေအးတဲ့ အေအးဒဏ္ ခံစားၾကရလိမ့္မယ္လို႔ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ အေအးလိႈင္းျဖတ္ခ်ိန္ မၾကာေပမဲ့ ထုံက်င္ေလာက္ေအာင္ေအးတဲ့ အေအးနဲ႔ ေလေအးတိုက္ခတ္မႈ ေပါင္းလိုက္တဲ့အတြက္ ဒီေန႔စေနေန႔မွာ အသက္အႏၲရာယ္႐ွိေလာက္တဲ့အထိ ေအးမယ္လို႔ အမ်ိဳးသား မိုးေလဝသဌာနက သတိေပးထားပါတယ္။

အရင္ထဲက ေဆာင္းရာသီကာလမွာ ေအးေလ့႐ွိတဲ့ အဲဒီေဒသေတြမွာ ပုံမွန္ထက္ကို ေရခဲမွတ္ေအာက္ ၁ ဒီဂရီကေန ၁၂ ဒီဂရီ Celsius အထိ ပိုေအးသြားမယ္လို႔ မိုးေလဝသဌာနက ေျပာပါတယ္။ ေသာၾကာေန႔တုန္းက Massachusetts ျပည္နယ္က ေက်ာင္းတခ်ိဳ႕ကို ပိတ္ထားခဲ့ရပါတယ္။ Boston နဲ႔ Worcester ၿမိဳ႕ ၂ ခုမွာ ဒီေန႔ စေနေန႔ စံခ်ိန္တင္ေအာင္ ေအးမယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ New Hampshire ျပည္နယ္ထဲမွာရိွတဲ့ Mount Washington ေတာင္ေပၚမွာေတာ့ ေသာၾကာေန႔ညေနပိုင္းက ေရခဲမွတ္ေအာက္ ေရခဲမွတ္ေအာက္ ၇၉ ဒီဂရီ Celsius အထိ ေအးခဲ ခဲ့ပါတယ္။

==== Unicode ====

ရေခဲတမျှအေးတဲ့ လေအေးလှိုင်းကြီး အမေရိကန် အရှေ့မြောက်ပိုင်းကို ဝင်ရောက်နေတဲ့အတွက် ဝါရှင်တန်မြို့တော်အပါအဝင် အရှေ့မြောက်ပိုင်းမြို့တွေက ဒေသခံသန်းနဲ့ချီ အေးခဲတဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ အေးခဲတဲ့လေတွေ တိုက်ခတ်မယ်လို့ နယူးပြည်နယ်မှာ သတိပေးချက် ထုတ်ပြန်ထားပြီး၊ အိမ်ပြင်ကို အချိန်အကန့်အသတ်ထား ထွက်ကြဖို့ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။

စုစုပေါင်း လူဦးရေ ၁၆ သန်းလောက်ရှိနေတဲ့ Massachusetts ၊ Connecticut ၊ Rhode Island ၊ New Hampshire ၊ Vermont နဲ့ Maine ပြည်နယ်တွေမှာလည်း လေအေးတွေ တိုက်ခတ်တဲ့အတွက် ရေခဲမှတ်အောက် ၇၉ ဒီဂရီ Celsius လောက်အထိ အေးတဲ့ အအေးဒဏ် ခံစားကြရလိမ့်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အအေးလှိုင်းဖြတ်ချိန် မကြာပေမဲ့ ထုံကျင်လောက်အောင်အေးတဲ့ အအေးနဲ့ လေအေးတိုက်ခတ်မှု ပေါင်းလိုက်တဲ့အတွက် ဒီနေ့စနေနေ့မှာ အသက်အန္တရာယ်ရှိလောက်တဲ့အထိ အေးမယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်။

အရင်ထဲက ဆောင်းရာသီကာလမှာ အေးလေ့ရှိတဲ့ အဲဒီဒေသတွေမှာ ပုံမှန်ထက်ကို ရေခဲမှတ်အောက် ၁ ဒီဂရီကနေ ၁၂ ဒီဂရီ Celsius အထိ ပိုအေးသွားမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ သောကြာနေ့တုန်းက Massachusetts ပြည်နယ်က ကျောင်းတချို့ကို ပိတ်ထားခဲ့ရပါတယ်။ Boston နဲ့ Worcester မြို့ ၂ ခုမှာ ဒီနေ့ စနေနေ့ စံချိန်တင်အောင် အေးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ New Hampshire ပြည်နယ်ထဲမှာရှိတဲ့ Mount Washington တောင်ပေါ်မှာတော့ သောကြာနေ့ညနေပိုင်းက ရေခဲမှတ်အောက် ရေခဲမှတ်အောက် ၇၉ ဒီဂရီ Celsius အထိ အေးခဲ ခဲ့ပါတယ်။

XS
SM
MD
LG