သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Argentina ရေငုပ်သင်္ဘော ပေါက်ကွဲသွားပြီလား


Argentina ရေငုပ်သင်္ဘော
Argentina ရေငုပ်သင်္ဘော

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘောရှာနေသူ ကြားလိုက်ရတဲ့ အသံတခုဟာ ရေငုပ်သင်္ဘောက ထွက်လာတဲ့ ပေါက်ကွဲသံ ဖြစ်နိုင်တယ်လို့ အာဂျင်တီးနား ရေတပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါကို မကောင်းတဲ့ နိမိတ် သင်္ကေတအဖြစ် ယူဆတာကြောင့် ရေငုပ်သင်္ဘောပေါ် ပါသွားသူ ၄၄ ဦးရဲ့ မိသားစုဝင်တွေဟာ ငိုကြွေးခဲ့ကြပါတယ်။

ARA San Juan ရေငုပ်သင်္ဘောရဲ့ ကံကြမ္မာ အတိအကျကို သိရသည်အထိ ရှာဖွေမှုကို ဆက်လက် ပြုလုပ်သွားမယ်လို့ အာဂျင်တီးနား ရေတပ် ပြောခွင့်ရ Enrique Balbi က ပြောပါတယ်။

အဲဒီ တမူထူးခြားတဲ့ ပေါက်ကွဲသံဟာ တိုပြီး၊ ပြင်းထန်တဲ့အပြင် နျူကလီးယား ပေါက်ကွဲမှုမဟုတ်တဲ့ သာမှန် ပေါက်ကွဲအသံနဲ့ အလားသဏ္ဍာန် တူကြောင်း ရေတပ် ပြောခွင့်ရက ပြောပါတယ်။

ရေထဲက ထွက်လာတဲ့ အဲဒီ တမူထူးခြားတဲ့ ပေါက်ကွဲသံဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သင်္ဘော ပျောက်မသွားခင် နောက်ဆုံး ဆက်သွယ်မှု ရရှိပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်ခဲ့တာဖြစ်ကြောင်း ရှာဖွေရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ အမေရိကန် ကျွမ်းကျင်သူအဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG