သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Argo အကောင်းဆုံးဇာတ်ကားဆု ရရှိ


Argo ဇာတ်ကား ရိုက်ကူးထုတ်လုပ်သူ မင်းသား ဘန် အဖ္ဖလခ် အော်စကာဆုကို ဆွတ်ခူးစဉ်
Argo ဇာတ်ကား ရိုက်ကူးထုတ်လုပ်သူ မင်းသား ဘန် အဖ္ဖလခ် အော်စကာဆုကို ဆွတ်ခူးစဉ်
အီရန်နိုင်ငံက အမေရိကန်သံရုံးကို စီးနင်းပြီး၊ အမေရိကန် သံတမန်တွေကို ပြန်ပေးဆွဲ ခဲ့တဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းအကြောင်း ရိုက်ကူးထားတဲ့ Argo ရုပ်ရှင်ဇာတ် ကားဟာ ၈၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို ဆွတ်ခူးခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ကျေးကျွန်စနစ် ပပျောက်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ ဆက်မြောက် သမ္မတ အေဗရာဟမ် လင်ကွန်း (Abraham Lincoln) အကြောင်းရိုက်ကူးထားတဲ့ Lincoln ဇာတ်ကားကို ကျော်ပြီး ဒီ Argo ဇာတ်ကားက ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ဆွတ်ခူးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်တဲ့ ဘန် အဖ္ဖလခ် (Ben Affleck) ရိုက်ကူးတဲ့ ဒီ Argo ဇာတ်ကားဟာ ဇာတ်ကားဆု ရွေးချယ်ခံရမယ်ဆိုပြီး ထင်ကြေး ပေးခဲ့ကြတဲ့ အထဲမှာတော့ မပါဝင်ခဲ့ပါဘူး။

အဲ့ဒီအစား ဒါရိုက်တာ စတီဗန် စပီးဘတ် (Steven Spielberg) ရိုက်ကူးတဲ့ Lincoln ဇာတ်ကား၊ အကောင်းဆုံး ဇာတ်ကားဆု ရွေးချယ်ခံ ရမယ်လို့ ထင်ခဲ့ကြတာပါ။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို အမေရိကန် သမ္မတ ကတော် မီရှဲ အိုဘားမား (Michelle Obama) က ကြေငြာပေးခဲ့တာ ဖြစ်ပါတယ်။ အော်စကာ ဆန်ကာတင် စာရင်း တင်သွင်းခံရတဲ့ ဇာတ်ကားတွေကို ကြည့်ပြီး ရယ်မောခဲ့ရသလို၊ ဝမ်းနည်း မျက်ရည်ကျရတဲ့ အကြောင်းလည်း သူက ပြောသွားခဲ့ပါတယ်။

၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေးအပြီး အီရန်နိုင်ငံ တဟီရန်မြို့က အမေရိကန် သံတမန် ၆ ယောက်ကို CIA စုံစမ်း ထောက်လှမ်းရေး အဖွဲ့က ကယ်တင်ခဲ့ပုံကို ရိုက်ကူး တင်ပြထားတဲ့ Argo ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး တည်းဖြတ်ဆုနဲ့ မှီငြမ်း မဟုတ်တဲ့ အကောင်းဆုံး မူလ ရိုက်ညွှန်းဆုကိုလည်း ရရှိသွားပါတယ်။

ဒီနှစ်အတွက် ဒါရိုက်တာ ဆုကိုတော့ အများ မျှော်လင့်ထားကြတဲ့ Lincoln ဇာတ်ကားရဲ့ ဒါရိုက်တာ စတီဗန် စပီးဘတ် (Steven Spielberg) မရပဲ၊ The Life of Pi ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ အန်း လီ (Ang Lee) ရရှိသွားတာကလည်း လူအများ အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ Lincoln ဇာတ်ကားမှာ သမ္မတ အေဗရာဟမ် လင်ကွန်း (Abraham Lincoln) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဒန်နီယယ် ဒေး လီးဝစ် (Daniel Day-Lewis) ကတော့ အကောင်းဆုံး မင်းသားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒါဟာ အမေရိကန် ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးမင်း သားဆုချည်းပဲ သုံးကြိမ်ရဖူးတဲ့ မင်းသားအဖြစ် ဒန်နီယယ် ဒေး လီးဝစ် (Daniel Day-Lewis) က မှတ်တမ်းဝင်သွားတာ
ဖြစ်ပါတယ်။

အကောင်းဆုံး မင်းသမီး ဆုကိုတော့ Silver Linings Playbook ဇာတ်ကားနဲ့ ဂျနီဖာ လောရန့်စ် (Jennifer Lawrence)၊ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို အန်း ဟသာဝေး (Anne Hathaway) က Les Miserables ဇာတ်ကားနဲ့ ဆွတ်ခူးခဲ့ပြီး၊ အကောင်းဆုံး ဇာတ်ပို့ မင်းသားဆုကို Django Unchained ဇာတ်ကားမှာ မင်းသား သြစတြေလျာမင်းသား ခရစ္စတိုဖာ ဝဇ် (Christoph Waltz) က ရရှိသွားခဲ့ပါတယ်။
XS
SM
MD
LG