သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Arizona နဲ့ Michigan မှာ Romney အနိုင်ရ


Arizona နဲ့ Michigan မှာ Romney အနိုင်ရ

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် ရီပက်ဘလီကန် ပါတီရဲ့ သမ္မတလောင်း ရွေးချယ်ရေး ပြည်နယ်အခြခံ ပဏာမ ရွေးကောက်ပွဲတွေမှာ မက်ဆာချူးဆက် (Massachusetts) ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်မနီ (Mitt Romney) က မစ်ရှီကန် (Michigan) ပြည်နယ်နဲ့ အရီဇိုးနား (Arizona) ပြည်နယ်တွေမှာ အဓိကပြိုင်ဘက် ပင်ဆဲဗေးနီးယား (Pennsylvania) ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော် အမတ်ဟောင်း ရစ်က် ဆန်တိုရမ် (Rick Santorum) ကို အနိုင်ရရှိသွားခဲ့ပါတယ်။

မစ်ရှီကန် ပြည်နယ်ဟာ ရွမ်မနီ ရဲ့ မွေးဇာတိဖြစ်သလို သူ့ရဲ့ ဖခင်က အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ အခုလို ပြည်နယ်ကြီး နှစ်ခုမှာ သူအနိုင်ရခဲ့တာဟာ မဟာအောင်ပွဲပါပဲလို့ မစ္စတာ ရွမ်မနီ က ပြောဆိုလိုက်ပြီး မီရှီကန် နဲ့ အရီဇိုးနား ပြည်နယ်တွေက သူ့ကို ထောက်ခံ ကြသူတွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်သူ လက်ရှိသမ္မတ အိုဘားမားကို ဝေဖန် ထိုးနှက် ပြောဆိုခဲ့တာမှာ အိုဘားမားရဲ့အစိုးရဟာ အစိုးရ အရွယ်အစားကို ကြီးမားအောင် လုပ်ဆောင်နေတာကြောင့် အစိုးရဟာ အသုံးစားရိတ်တွေ များပြားနေရသလို ရေနံနဲ့ ပတ်သက်ရင်လည်း ပြည်ပကို မှီခိုလွန်းနေတယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG