သုံးရလွယ်ကူစေသည့် Link များ

အရီဇိုးနား ပစ်ခတ်မှု သေဆုံးသူတွေအနက် အငယ်ဆုံး ကျောင်းသူလေး ဈာပန ပို့ဆောင်


အရီဇိုးနား ပစ်ခတ်မှု သေဆုံးသူတွေအနက် အငယ်ဆုံး ကျောင်းသူလေး ဈာပန ပို့ဆောင်
အရီဇိုးနား ပစ်ခတ်မှု သေဆုံးသူတွေအနက် အငယ်ဆုံး ကျောင်းသူလေး ဈာပန ပို့ဆောင်

အရီဇိုးနားပြည်နယ် တူဆန်းမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့ရသူတွေထဲက အသက် အငယ်ဆုံးဖြစ်တဲ့ ၉ နှစ်အရွယ် ခရစ်စ်တီးနား တေလာ ဂရင်း (Christina Taylor Green) ရဲ့ ဈာပန အခမ်းအနားကို မိသားစုဝင်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာသူ အများစုဟာ မိသားစုရဲ့ ပန်ကြားမှုနဲ့ အဖြူရောင် ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပြီး တူဆန်းမြို့ ခရစ်ယာန် ဘုရားကျောင်းမှာ ကြာသပတေးနေ့က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်သမားတွေ တိုက်ခိုက်တဲ့နေ့က မွေးဖွားခဲ့တဲ့ ခရစ်စ်တီးနား ဂရင်းရဲ့ ဈာပနမှာ အဲဒီအချိန်က မပျက်မစီး ကျန်ခဲ့တဲ့ အမေရိကန်အလံကို လွှင့်ထူခဲ့ ပါတယ်။

ဂရင်းနဲ့အတူ သေဆုံးခဲ့သူ ၅ ဦးဟာ စနေနေ့က လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့စ် (Gabrielle Giffords) ရဲ့ ဟောပြောချက်တွေကို တက်ရောက် နားထောင်ခဲ့သူတွေ ဖြစ်ပြီး အမတ် ဂစ်ဖို့စ် ကိုယ်တိုင် ခေါင်းမှာ သေနတ်ဒဏ်ရာရပြီး အခုထိ ဆေးရုံမှာ ကုသမှု ခံနေရဆဲ ဖြစ်ပါတယ်။

သူမဟာ မျက်လုံးဖွင့်ကြည့်လာနိုင်ပြီဖြစ်ပြီး ခြေတွေ လက်တွေလည်း လှုပ်ရှားလာနိုင်ပြီလို့ တာဝန်ခံ ဆရာဝန်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူ ဂျဲရက်ဒ် လို့ဖ်နာ (Jared Loughner) ရဲ့ အိမ်နားမှာ တွေ့ခဲ့တဲ့ အိတ်အမည်း တလုံးကို ရဲတွေက အခု စစ်ဆေးနေကြပါတယ်။ ဒီအထဲမှာ သေနတ်ကျည်ဆန်တွေ တွေ့ရတယ်လို့ AP သတင်းက ရေးပါတယ်။

တချိန်တည်းမှာပဲ လွှတ်တော်အမတ် ဂစ်ဖို့စ်ရဲ့ ခင်ပွန်းဖြစ်သူ အာကာသယဉ်မှူး မာ့ခ် ကယ်ဒီရဲ့ ဧပြီလထဲ နိုင်ငံတကာ အာကာသစခန်းသွားရာမှာ ကြီးကြပ်ရမယ့် တာဝန်အတွက် ရစ် စတတ်ကားကို အစားထိုးပြီး ရွေးချယ်ထားတယ်လို့ NASA အမေရိကန် အာကာသ လေ့လာစူးစမ်းရေး အဖွဲ့က ကြေညာပါတယ်။

XS
SM
MD
LG