သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ IS အားကောင်း


ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Sirte။
ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Sirte။

IS အစွန်းရောက်စစ်သွေးကြွအဖွဲ့ဟာ လစ်ဗျားနိုင်ငံမှာ ပိုမိုအားကောင်းလာနေတယ် ဆိုတာကို အချက်အလက် တော်တော်များများက ပြသနေပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကတော့ လစ်ဗျားမှာ IS တိုက်ခိုက်ရေး သမား အရေအတွက်ဟာ ၂ ဆ တိုးလာပြီး ၆၅၀၀ လောက်အထိ ရှိလာသလို၊ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Sirte မှာ အမာခံခြေကုတ်ယူ ထားတယ်လို့ ပြောပါတယ်။

လစ်ဗျားနိုင်ငံရေးသမားတွေ ညီညွတ်တဲ့ အစိုးရတရပ် မဖွဲ့နိုင်သေးတဲ့ အတွက် ဒေသခံ ပြည်သူ့စစ်တွေကို အားကောင်းအောင်လုပ်ပြီး စစ်သွေးကြွတွေကို ဟန့်တားဖို့က အကောင်းဆုံး မျှော်လင့်ချက် ဖြစ်လိမ့်မယ်လို့လည်း ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသရေးရာ သုတေသီ Jason Pack ကတော့ လစ်ဗျားပြည်သူ့စစ်တွေကို ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်အောင် အမေရိကန်က ကူညီနိုင်တယ်လို့ ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ IS အစွန်းရောက်တွေကို ဆန့်ကျင်ကြတဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများအပြားရှိနေကြပြီး၊ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်မယ်ဆိုရင် အဓိကတိုက်ခိုက်ရေး အင်အားစုတရပ် ဖြစ်လာနိုင်တာကြောင့် စစ်သွေးကြွတွေကို တွန်းလှန်ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

လစ်ဗျားပြည်သူ့စစ် တပ်ဖွဲ့တွေ အနေနဲ့ နယ်မြေတွေကို သိမ်းပိုက်ရှင်းလင်းပြီး၊ IS စစ်သွေးကြွတွေကို ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ မောင်းထုတ်နိုင် တဲ့ မြေပြင်တပ်ဖွဲ့တွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း Sirte မြို့ကို ပြန်လည်သိမ်းပိုက်ရာမှာ ပြည်သူ့စစ်တွေကို အရင်လေ့ကျင့် သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးဖို့ လိုအပ်သလို အနောက်နိုင်ငံတွေ ရဲ့ လေကြောင်းစစ်ကူလည်း လိုအပ်လိမ့်မယ်လို့ လည်း ပြောပါတယ်။

XS
SM
MD
LG