သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်တိုက်ပွဲ လူနှစ်ဆယ်လောက် သေဆုံး


မူဆယ်တိုက်ပွဲဖြစ်ပွားစဉ်- သတင်းဓာတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မူဆယ်တိုက်ပွဲဖြစ်ပွားစဉ်- သတင်းဓာတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ စနေ မနက်ပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသား လက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားအပါအဝင် လူ ဆယ်ဂဏန်း သေဆုံး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒဏ်ရာရနေသူတွေကို ဆေးကုသပေးနေရတာမှာလည်း လုံလောက်မှုမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ ဆက်ပြောပြပေးပါရှင်။

ရှမ်းပြည်မြောက်ပိုင်း မှာ မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားတိုက်ပွဲတွေပြင်းထန်လာနေချိန်မှာပဲ မူဆယ်မြို့နယ်ထဲက ပန်ခမ်းတံတားပေါ်မှာ မြန်မာတပ်မတော်နဲ့ တအောင်းပလောင်တပ်တွေ မေလ ၁၂ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ် ဒီအတွက်အရပ်သားတွေအပါအဝင် သေဆုံးသူ ၂၄ဦးရှိသွားပြီးလို့မူဆယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းထွေးကပြောပါတယ်။

"အခုထိဆေးရုံမှာ သေဆုံးတာ ၂၄ဦးရှိသွားပြီး အရပ်သားပါတယ် ရဲ၂ဦးပါတယ့် သေဆုံးတာကတော့ ဒဏ်ရာရတဲ့သူတွေကတော့ ထိသွားတဲ့သူတွေေပေါ့ ဒဏ်ရာပြင်းတာက လက်ရှိ ရှိနေတာ၈ဦးရှိနေသေးတယ် လက်ရှိအနေအထားက မနိုင်ဝန်ဖြစ်နေတယ် ဘာဖြစ်လို့လဲဆိုတော့ လားရှိုးဘက်ကိုလည်း ပိုမရ သွားမရဖြစ်နေတယ်အဲဒီဘက်သွားတဲ့လမ်းမှာပဲ လမ်းပိတ်ပြီး အခြေအနေကအဲဒီလိုမျိုးဖြစ်နေတယ်။"

မူဆယ်မြို့ -နမ့်ခမ်းမြို့ ကားလမ်းမ နမ့်ပေါ်ပန်ခမ်း တံတားအနီးရှိတဲ့
မြန်မာတပ်မတော် နဲ့ ပြည်သူ့စစ် ပူးပေါင်းစခန်းတွေ စယ်လန့်ကျေးရွာထိပ်မှာရှိတဲ့ ပူးပေါင်းစခန်းတွေ ကတပ်ဖွဲတွေနဲ့ မူဆယ်လားရှိုး ကားလမ်းမ၊ နမ့်ပေါ်
တံတား အနီးမှာ ရှိတဲ့ တပ်မတော် စခန်းတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
TNLA တအောင်း ပလောင်တပ်ဖွဲက ကဆိုထားပါတယ်။ တအောင်းပလောင်တပ်ဖွဲဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူးစာချုပ် NCA မထိုးထားတဲ့မြောက်ပိုင်းမဟာမိတ် ၄ဖွဲထဲက တဖွဲ့ဖြစ်ပါတယ်။

နိုင်ငံ့တော်အတိုင်ပင်ခံရုံးရဲ့ညွန်ကြားရေးမူးချုပ် ဦးဇော်ဌေးရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာတော့ TNLA အဖွဲ့တွေက ပန်ခမ်းတံတားက ရဲကင်းလုံခြုံရေးစခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းအရ ရဲအရာရှိ ၁ ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိကြောင်းနဲ့ ပြည်သူ့စစ် ၃ ဦး ကျဆုံးပြိး ၊ ၆ ဦး ဒဏ်ရာရရှိကြောင်းအပြစ်မဲ့ပြည်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်းနဲ့ ဒဏ်ရာရသူ ၂၀ဦးရှိတယ်လို့ရေးသားထားပါတယ်။

လက်ရှိမှာတော့အဲဒီနေရာမှာတိုက်ပွဲတွေ ရပ်သွားပြီးလို့လည်း ဒေါ်စန်းစန်းထွေးကပြောပြပါတယ်။

"ဖြစ်တာက မူဆယ်နဲ့ မန်ဝိန်းပေါက် ပန်ခမ်းတံတားကြားထဲမှာပေါ့ မနက်က စဖြစ်တဲ့နေရာကိုပြောတာပေါ့နော်။ လက်ရှိတော့ အဲဒီနေရာမှာတော့ငြိမ်သွားပြီ။"

လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်နဲ့ ရမိုင်လောက်ဝေးတာကြောင့် ကုန်စည်စီးဆင်းမူတွေကတော့ ရပ်နားသွားတာမရှိဘူးလို့မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူတဦးကလည်းပြောပြပါတယ်။

"လက်ရှိကတော့ပုံမှန်သွားနေပါတယ် မနက်က ၈နာရီလောက်ကဖြစ်တာဆိုတော့ ကုန်သည်ကားတွေတော့ ပုံမှန်သွားနေပါတယ် ကုန်သွယ်မူတွေကလည်းပုံမှန်ပဲမြို့ထဲမှာလဲ မြန်မာငွေလွဲှတဲ့အလုပ်တွေလည်းပုံမှန်ပါပဲ။"

မြန်မာနိုင်ငံမှာတော့ လက်ရှိကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြိး အရပ်သားပြည်သူတွေက အိုးအိမ်စွန့်ခွါထွက်ပြေးနေရတာတွေ နှစ်ဘက်တိုက်ပွဲတွေ ကြောင့် ပိတ်မိနေတာတွေထိခိုက်သေဆုံးမူတွေလည်း ရှိနေတဲ့အတွက် တိုက်ပွဲတွေရပ်ဖို့အတွက် တောင်းဆိုမူတွေလည်းမြင့်တက်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG