မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်းမှာ ဒီကနေ့မနက်ပိုင်းက လေယာဉ် တစင်း ပျက်ကျခဲ့ပြီး လေယာဉ်ဟာ တစစီ ကြေမွသွားခဲ့ပေမဲ့ လေယာဉ်မှာ လိုက်ပါလာသူ ၂ ဦးကတော့ လေထီးနဲ့ ခုန်ဆင်းနိုင်တာကြောင့် လွတ်မြောက်ခဲ့ ပါတယ်။
တပ်မတော်(လေ)နဲ့ နီးစပ်သူတွေကတော့ ပျက်ကျသွားတဲ့ လေယာဉ်ဟာ တပ်မတော်(လေ)က ရုရှားလုပ် MIG 29 အမောင်းသင် လေယာဉ်ဖြစ် တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
အခုလို လေယာဉ်ပျက်ကျခဲ့တာကတော့ ဒီကနေ့မနက် ၈ နာရီခွဲ အချိန်လောက်က ဖြစ်ပါတယ်။ ဒီလို လေယာဉ်ပျက်ကျခဲ့တာကိုတော့ မြို့သစ်မြို့က လေယာဉ် ပျက်ကျရာကို သွားရောက် ကြည့်ရှုခဲ့သူတဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ မြို့သစ်မြို့နယ်လေ မြို့သစ်မြို့နယ်အနီး ငြိမ်းချမ်းကျေးရွာအနီးပေါ့ အဲ့နားလေးမှာ လေယာဉ်က သင်တန်းလေယာဉ်လို့ ပြောတာပဲ။ သူတို့စစ်တပ်ကလေ လေတပ်ကနေ စစ်သား ၂ ဦး၊ တယောက်က ဆရာ၊ တယောက်က သင်တဲ့သူပေါ့။ လေထီးနဲ့ ခုန်ချတယ်လို့ပြောတယ်။ သူတို့လာပြီးတော့ အဲ့ဒီဘက်မှာ လေ့ကျင့်တဲ့သဘော။ သူတို့ကတော့ ဘာမှမဖြစ်ပါဘူး။ တယောက်ကတော့ နည်းနည်း ဒဏ်ရာရတယ်ပြောတယ်။ လေယာဉ်ကတော့ အကုန်လုံး တစစီပဲဗျ ကြေမွနေတာပဲ။ စက်ချို့ယွင်းပြီးတဲ့အခါကျတော့ ပျက်ကျတဲ့သဘော နေမှာပေါ့။ ကျနော်တို့လည်း ပျက်ကျပြီးမှ သွားကြည့်ရတာလေ။”
လေယာဉ်ပျက်ကျရာကို မြို့သစ်မြို့က အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်လေက တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ ရောက်တဲ့အချိန်မှာတော့ ကျနော်တို့မြို့ပေါ်က တာဝန်ရှိတဲ့သူတွေပေါ့။ အုပ်ချုပ်ရေးမှူးရယ်၊ နောက် ရဲမှူးရယ်ပေါ့နော်။ နောက် ရဲတပ်ဖွဲ့တို့၊ မီးသတ်တပ်ဖွဲ့တို့ အဲ့ဒါမျိုးတပ်ဖွဲ့တွေရောက်တယ်။ ကျနော်တို့ပြန်လာတော့မှ လေတပ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ကား ၄ - ၅ စီးလောက် ရှောင်လိုက်တယ် လမ်းမှာ။”
ဒီသတင်းနဲ့ပတ်သက်ပြီး မကွေးမြို့နဲ့ မြို့သစ်ရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ တပ်မတော် (လေ) နဲ့ နီးစပ်သူတွေကတော့ ဒီကနေ့ ပျက်ကျသွားတဲ့ လေယာဉ်ဟာ ရုရှားနိုင်ငံလုပ် MIG 29 အမောင်းသင် လေယာဉ်ဖြစ်ကြောင်း၊ အမောင်းသင် ဆရာကတော့ လေယာဉ်မှူးကြီး ဒုဗိုလ်မှူးကြီး လှိုင်မြင့်ဖြစ်ပြီး သင်တန်းသားကတော့ ဗိုလ်ကြီး ကျော်ဇင်သန်းဖြစ်ကြောင်း ပြောပါတယ်။
အခုလို ပျက်ကျလာတာကတော့ ဟိုက်ဒရောလစ်ပိုက် ပေါက်ကွဲတာကြောင့်လို့ အကြမ်းမျဉ်းသိရပြီး စုံစမ်းစစ်ဆေးတာတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က မြန်မာ့တပ်မတော် (လေ) က တရုတ်နိုင်ငံလုပ် အမောင်းသင် F 7 ဂျက်တိုက်လေယာဉ်ဟာ ရန်ကုန်လေဆိပ်ကို ဆင်းသက်စဉ်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်မောင်းသူတဦး သေဆုံးခဲ့ရပါတယ်။