သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင် ကျောင်းပစ်ခတ်မှု (၁၀) ဦးခန့် သေဆုံး

Risbergska ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရသည့် ဆွီဒင် ရဲတပ်ဖွဲ့ဝင်များ။ (၄ ဖေဖော်ဝါရီ ၂၀၂၅)​ (Photo: Jonathan NACKSTRAND/AFP)
Risbergska ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရသည့် ဆွီဒင် ရဲတပ်ဖွဲ့ဝင်များ။ (၄ ဖေဖော်ဝါရီ ၂၀၂၅)​ (Photo: Jonathan NACKSTRAND/AFP)

ဆွီဒင်နိုင်ငံ အလယ်ပိုင်းက ကျောင်းတကျောင်း ပစ်ခတ်မှုမှာ ပစ်ခတ်သူအပါအဝင် လူ ၁၀ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒဏ်ရာရသူတွေ များလှတာကြောင့် ဒါ့ထက်ပိုပြီး တိတိကျကျ မပြောနိုင်သေးပါဘူးလို့ Orebro ရဲတပ်ဖွဲ့အကြီးအကဲ Roberto Eid Forest က အင်္ဂါနေ့က ပြောခဲ့တာပါ။

ဘယ်နှယောက် ဒဏ်ရာရသလဲ ဆိုတာကိုလည်း သူက မပြောနိုင်သေးပါဘူး။ သေဆုံးသူတွေ ဘယ်သူဖြစ်တယ်၊ အသက် ဘယ်အရွယ် ဖြစ်တယ်ဆိုတာကိုလည်း ရဲက မပြောပါဘူး။ သေဆုံး ဒဏ်ရာရသူတွေထဲမှာ Risbergska အထက်တန်းကျောင်းက ကျောင်းသားနဲ့ ဆရာ ဘယ်နှယောက်ပါသလဲ ဆိုတာကိုလည်း ရဲက မထုတ်ပြန်သေးပါဘူး။

သံသယရှိသူ သေနတ်သမားက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ဆွီဒင် မီဒီယာတွေက ဆိုကြပေမဲ့ ရဲက ဒါကို အတည်ပြုတာ မရှိသေးပါဘူး။ သံသယရှိတဲ့ ပစ်ခတ်သူဟာ ရဲမှတ်တမ်းမှာ မရှိပါဘူး။ ဘာဂိုဏ်းနဲ့မှလည်း အဆက်အသွယ်မရှိပါဘူးလို့ ရဲတပ်ဖွဲ့အကြီးအကဲ Forest က ပြောပါတယ်။

မကြာမီ နှစ်တွေအတွင်းက ဆွီဒင်နိုင်ငံမှာ ဂိုဏ်းအချင်းချင်း တိုက်ခိုက်ကြတာတွေရှိပြီး ဗုံးခွဲတာတွေ၊ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့အကြီးအကဲက အဲဒီလိုဖြစ်ရပ်တွေကို ရည်ညွှန်းပြောဆိုခဲ့တာပါ။ နောက်ထပ် တိုက်ခိုက်တာ ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူးလို့ Orebro ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဆွီဒင် ကျောင်းပစ်ခတ်မှု (၁၀) ဦးခန့် သေဆုံး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG