သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ferguson ရဲအရာရှိနှစ်ဦး ပစ်ခံရမှု တာဝန်ရှိသူ ဖမ်းမိ


ဖာဂူဆန်မြို့မှာ ရဲအရာရှိနှစ်ဦးကို ပစ်ခတ်မှုနဲ့ သံသယရှိသူအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဝီလီယံ။
ဖာဂူဆန်မြို့မှာ ရဲအရာရှိနှစ်ဦးကို ပစ်ခတ်မှုနဲ့ သံသယရှိသူအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဝီလီယံ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း စိန့်လူးဝစ်မြို့ ဆင်ခြေဖုံးက ဖါဂူဆန်ရဲတပ်ဖွဲ့ ဌာနချုပ်အနီးမှာ ဖြစ်ပွားတဲ့ ဆန္ဒပြပွဲမှာ ရဲအရာရှိနှစ်ယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ လူမျိုးခွဲခြားဆက်ဆံမှုရှိနေတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု တရားရေးဌာနနရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီးတဲ့နောက် အဲဒီမြို့က ရဲတပ်ဖွဲ့အကြီးအကဲနုတ်ထွက်သွားပြီး နာရီအနည်းငယ်အကြာ ကြာသာပတေးနေ့ စောစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ရာမှာ ရဲအရာရှိတဦးရဲ့ပုခုံးနဲ့ နောက်ရဲအရာရှိတဦးရဲ့ မျက်နှာကို ကျည်ဆံထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးရဲ့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာနေပြီဖြစ်ပါတယ်။ အသက် ၂ဝ အရွယ် Jeffrey William က သူကြည့်လို့မရတဲ့သူတဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီသူဟာ ရဲအရာရှိကို ရည်ရွယ်ပစ်ခတ်တာမဟုတ်ကြောင်း အာဏာပိုင်တွေကို ပြောပြခဲ့တယ်လို့ စိန့်လူးဝစ် အစိုးရရှေ့နေ Robbert McCulloch ကပြောပါတယ်။

William ကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အပြင်းထန်ဆုံးစွဲချက် နှစ်ခု၊ ကားပေါ်ကနေ လှမ်းပြီးပစ်ခတ်မှု၊ လက်နက်ဥပဒေချိုးဖေါက်မှု ၃ ခုနဲ့ စွဲချက်တင်ထားပါတယ်။

အခုဖမ်းဆီးမှုဟာ ဥပဒေရေးရာအရထိရောက်မှုရှိအောင် ကိုင်တွယ်လုပ်ဆောင်နေရသူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာကို ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာ ပြသတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ် Eric Holder ကပြောပါတယ်။

XS
SM
MD
LG