သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ယောက် လွှတ်ဖို့ ကုလတောင်းဆို


အဖမ်းခံရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်
အဖမ်းခံရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်

နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းသမား ၂ ဦးကို အာမခံမပေးဖို့ ကြာသပတေးနေ့က မနေ့က မြောက်ပိုင်း ခရိုင်တရားရုံး ကနေ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရသလို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး ပြောခွင့်ရ Rupert Colville က သောကြာနေ့မှာ ပြောကြားလိုက်တာပါ။

“ရိုက်တာက သတင်းထောက် ၂ ယောက်ကို တရားရုံးက အာမခံမပေးဖို့ ဆုံးဖြတ်ခဲ့သလို အခုထိဆက်ဖမ်းထားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သိပ်ကိုစိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့ကို အမြန်ဆုံးပြန်ပြီး လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်။

ဒီသတင်းထောက် ၂ ဦး ကိုဖမ်းဆီးတာဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် သိသိသာသ ကျဆင်းလာနေတာကို ပြသနေတယ်လို့လည်း မစ္စတာ Colville ကပြောပါတယ်။

ဖမ်းဆီးခံထားရတာ ရက်သတ္တပတ် ၆ ပတ်ကျော်နေပြီဖြစ်တဲ့ သတင်းထောက် အသက် ၃၁ နှစ်အရွယ် ကိုဝလုံးနဲ့ ၂၇ နှစ်အရွယ် ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ အရေးကြီးတဲ့ လျှို့ဝှက်အထောက်အထားတွေကို ရဲနှစ်ဦးဆီက ရယူခဲ့တယ်လို့ ရဲဘက်စွပ်စွဲ ထားပြီး အရေးယူခံထားရတာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနမှာ အလုပ်လုပ်နေတဲ့ သူတို့ ၂ ဦးဟာ ရခိုင်ပြည်နယ်တွင်းက သတင်းတွေကို ထောက်လှန်းနေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ကချင်ပြည်နယ်တွင်းမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတာ နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။ စွန်ပရာဘုံ၊ ဝိုင်းမော်နဲ့ တနိုင်း မြို့နယ်တွေမှာ တွေမှာ တိုက်ပွဲတွေ တိုးလာနေတာပါ။

ရိုက်တာသတင်းထောက် ၂ ယောက် လွှတ်ဖို့ ကုလတောင်းဆို
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG