သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို စွဲချက်တင်ဖို့ရှိနေချိန် အမေရိကန် မြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်


Demonstrators unveil a banner outside Manhattan's district attorney office, supporting a grand jury vote to indict former President Donald Trump, March 30, 2023, in New York.
Demonstrators unveil a banner outside Manhattan's district attorney office, supporting a grand jury vote to indict former President Donald Trump, March 30, 2023, in New York.

အမေရိကန်သမ္မတဟောင်း Donald Trump ကို ရာဇဝတ်မှုနဲ့ လာမယ့် အင်္ဂါနေ့ကျရင် နယူးယောက်မြို့၊ မန်ဟန်တန် ဂျူရီ တရားသူကြီး တဦးက တရားရုံးမှာ တရားဝင် စွဲချက်တင်ဖို့ ရှိနေချိန်မှာပဲ မြို့တော် ဝါရှင်တန်နဲ့ နယူးယောက် အပါအဝင် အမေရိကန် မြို့ကြီးတချို့မှာတော့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ခုလို ရာဇဝတ်မှုနဲ့ တရားရုံးတင် စွဲချက်တင်ခံရတဲ့ သမ္မတ အရင်က မရှိခဲ့ဖူးပါဘူး။ သမ္မတဟောင်း Trump ဟာ သူနဲ့ ဖောက်ပြန်ခဲ့တဲ့ လိင်ဖျော်ဖြေရေး ဇာတ်လမ်းတွေ ရိုက်တဲ့ မင်းသမီး Stormy Daniels ကို ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင်၊ နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်းကို ရှေ့နေကတဆင့် ပေးခဲ့တာနဲ့ ပတ်သက်လို့ နယူးယောက်မြို့ မန်ဟန်တန်ခရိုင် ရှေ့နေတွေက နှစ်တွေနဲ့ချီ စုံစမ်းစစ်ဆေး ခဲ့ပြီးတဲ့နောက် Trump ကို စွဲချက်တင်ဖို့ ဂျူရီအဖွဲ့က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။

လောလောဆယ်မှာတော့ စွဲချက်အတိအကျကို ဂျူရီအဖွဲ့က မထုတ်ပြန်ပါဘူး။ အင်္ဂါနေ့ တရားရုံးမှာ စွဲချက်တရားဝင်တင်မှပဲ အတိအကျ သိနိုင်မယ်လို့ ခန့်မှန်းရပြီး အဲ့ဒီနေ့ကျရင် Trump ကိုလည်း တရားရုံးရှေ့မှောက် တွေ့ရနိုင်ဖွယ် ရှိပါတယ်။ Trump ကတော့ သူအပြစ် ကျူးလွန်မထားကြောင်း တုံ့ပြန်ထားပြီး နိုင်ငံရေးအရ အမြင့်ဆုံးလုပ်ကြံမှုလို့ ပြောထားပါတယ်။

ဒီအမှုကို အပြင်းထန်ဆုံး ချေပသွားမယ့်အကြောင်း သူ့ရှေ့နေကလည်း ပြောထားပါတယ်။ Trump ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ နောက်တကြိမ် ဝင်ပြိုင်မယ်လို့ ကြေညာထားပြီး အခု သူ့ကို စွဲချက်တင်တာဟာ ရွေးကောက်ပွဲကို နောက်ယှက်တာလို့လည်း ပြောဆိုထားပါတယ်။

==== Unicode =====





XS
SM
MD
LG