သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်မှာ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး လူ ၇၀၀ ကျော်ဖမ်းဆီးခံရ


Fourth night of riots after teenager shot dead by police in Paris suburb
Fourth night of riots after teenager shot dead by police in Paris suburb

ပြင်သစ်နိုင်ငံမှာ ဆယ်ကျော်သက် လူငယ်တဦး ရဲလက်ချက်နဲ့ သေဆုံးတဲ့အပေါ် မကျေနပ်မှုကြောင့် ဆူပူဆန္ဒပြမှုတွေ ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အစောပိုင်းမှာတုန်းကတော့ ၄၈၆ ဦး ဖမ်းဆီးထားကြောင်း ပြောဆိုထားတာပါ။ စနေနေ့က ဖမ်းဆီးခဲ့သူ ၇၁၉ ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပေမဲ့၊ ပြီးခဲ့တဲ့ရက်က ၁၃၀၀ လောက် ဖမ်းဆီးခဲ့တာထက်စာရင် လျော့နည်းသွားတာကြောင့် ဆူပူမှုတွေ လျော့ပါးလာပုံရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အင်္ဂါနေ့က သေဆုံးခဲ့တဲ့ ဆယ်ကျော်သက်ရွယ် အာရပ်လူငယ်ရဲ့ ဈာပနကိုတော့ စနေနေ့တုန်းကပဲ ပါရီမြို့အစွန် Nanterre အရပ်မှာ ကျင်းပခဲ့တာပါ။

အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကိုသွေးနှောတဲ့ အာရပ်လူငယ် Nahel မောင်းလာတဲ့ကားကို တားဆီးစစ်ဆေးရာက ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှုအဖြစ် မကျေနပ်ရာက ပြင်သစ်နိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့ ဆူပူမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိကတော့ မိသားစုကို တောင်းပန်စကား ပြောဆိုထားပါတယ်။

XS
SM
MD
LG