သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လကမ္ဘာစူးစမ်းမယ့် အာကာသယာဉ်ငယ်နဲ့ ဒုံးပျံ NASA လွှတ်တင် 


SPACE-EXPLORATION/MOON-ROCKET
SPACE-EXPLORATION/MOON-ROCKET

[[Zawgyi/Unicode]]

NASA အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီရဲ့ ခေတ်ရှေ့အပြေးဆုံး ဒုံးပျံတစင်းကို လကမ္ဘာကို စူးစမ်းဖို့ လွှတ်တင်လိုက်ပါတယ်။

Orion အာကာသယာဉ်ငယ်လေးကို သယ်ဆောင်သွားတဲ့ Artemis ဒုံးပျံကို Florida ပြည်နယ်မှာရှိတဲ့ Cape Canaveral အာကာသစခန်းကနေ ဒီနေ့ နိုဝင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ လွှတ်တင်လိုက်တာပါ။ အမေရိကန်က Apollo လကမ္ဘာစူးစမ်းရေး နောက်ဆုံးလုပ်ခဲ့တာ အနှစ် ၅၀ အကြာမှာ လကမ္ဘာကို အနီးကပ်ဆုံးလေ့လာဖို့ ခုလိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Artemis I လကမ္ဘာစူးစမ်းရေးခရီးစဉ်အဖြစ် ဒုံးပျံလွှတ်တင်ဖို့ ပထမ ၂ ကြိမ်မှာ ရွှေ့ဆိုင်းခဲ့ပြီးနောက် အခု တတိယအကြိမ်မြောက်မှာ လွှတ်တင်နိုင်ခဲ့တာပါ။ Artemis ဒုံးပျံနဲ့ပါသွားတဲ့ Orion အာကာသယာဉ်ငယ်လေးက လကမ္ဘာနဲ့ မိုင် ၄ သောင်းအကွာလောက်ကနေ ၂၆ ရက်ကြာလောက် လှည့်ပတ် လေ့လာပြီးရင် ကမ္ဘာမြေကိုပြန်ဆင်းသက်လာမှာဖြစ်ပါတယ်။

နာဆာရဲ့ အာကာသစူးစမ်းရေးဒုံးပျံနဲ့ Orion အာကာသယာဉ်ငယ်လေးတို့ကို ပထမဆုံးအကြိမ်လွှတ်တင်နိုင်ခဲ့တာက သိပ်ကို ဝမ်းသာစရာဖြစ်ပြီး နာဆာရဲ့ လကမ္ဘာသာမက အင်္ဂါဂြိုဟ်ပေါ်အထိ လူသားတွေသွားပြီး စူးစမ်းနိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ နာဆာအကြီးအကဲ Bill Nelson ကပြောပါတယ်။

အခု Artemis I ခရီးစဉ်မှာ အာကာသယာဉ်မှူးတွေ ပါမသွားပေမဲ့ အာကာသယာဉ်မှူးပုံ အရုပ် ၃ ရုပ်ပါသွားပါတယ်။ အာကာသယာဉ်မှူးတွေ လိုက်ပါဖို့ စီစဉ်ထားတဲ့ Artemis II ခရီးစဉ်အတွက် အခုခရီးစဉ်ဟာ အရေးကြီးတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

လကမ္ဘာစူးစမ်းမယ့် အာကာသယာဉ်ငယ်နဲ့ ဒုံးပျံ NASA လွှတ်တင်.mp3
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

===================

[[Unicode]]







XS
SM
MD
LG