သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လကမာၻစူးစမ္းမယ့္ အာကာသယာဥ္ငယ္နဲ႔ ဒံုးပ်ံ NASA လႊတ္တင္ 


SPACE-EXPLORATION/MOON-ROCKET

[[Zawgyi/Unicode]]

NASA အေမရိကန္အာကာသစူးစမ္းေရးေအဂ်င္စီရဲ႕ ေခတ္ေရွ႕အေျပးဆံုး ဒံုးပ်ံတစင္းကို လကမာၻကို စူးစမ္းဖို႔ လႊတ္တင္လိုက္ပါတယ္။

Orion အာကာသယာဥ္ငယ္ေလးကို သယ္ေဆာင္သြားတဲ့ Artemis ဒံုးပ်ံကို Florida ျပည္နယ္မွာရွိတဲ့ Cape Canaveral အာကာသစခန္းကေန ဒီေန႔ ႏိုဝင္ဘာ ၁၆ ရက္ ဗုဒၶဟူးေန႔ မနက္အေစာပိုင္းမွာ လႊတ္တင္လိုက္တာပါ။ အေမရိကန္က Apollo လကမာၻစူးစမ္းေရး ေနာက္ဆံုးလုပ္ခဲ့တာ အႏွစ္ ၅၀ အၾကာမွာ လကမာၻကို အနီးကပ္ဆံုးေလ့လာဖို႔ ခုလိုလႊတ္တင္ခဲ့တာျဖစ္ပါတယ္။

Artemis I လကမာၻစူးစမ္းေရးခရီးစဥ္အျဖစ္ ဒံုးပ်ံလႊတ္တင္ဖို႔ ပထမ ၂ ႀကိမ္မွာ ေရႊ႕ဆိုင္းခဲ့ၿပီးေနာက္ အခု တတိယအႀကိမ္ေျမာက္မွာ လႊတ္တင္ႏိုင္ခဲ့တာပါ။ Artemis ဒံုးပ်ံနဲ႔ပါသြားတဲ့ Orion အာကာသယာဥ္ငယ္ေလးက လကမာၻနဲ႔ မိုင္ ၄ ေသာင္းအကြာေလာက္ကေန ၂၆ ရက္ၾကာေလာက္ လွည့္ပတ္ ေလ့လာၿပီးရင္ ကမာၻေျမကိုျပန္ဆင္းသက္လာမွာျဖစ္ပါတယ္။

နာဆာရဲ႕ အာကာသစူးစမ္းေရးဒံုးပ်ံနဲ႔ Orion အာကာသယာဥ္ငယ္ေလးတို႔ကို ပထမဆံုးအႀကိမ္လႊတ္တင္ႏိုင္ခဲ့တာက သိပ္ကို ဝမ္းသာစရာျဖစ္ၿပီး နာဆာရဲ႕ လကမာၻသာမက အဂၤါၿဂိဳဟ္ေပၚအထိ လူသားေတြသြားၿပီး စူးစမ္းႏိုင္ဖို႔ အေရးပါတဲ့ ေျခလွမ္းျဖစ္တယ္လို႔ နာဆာအႀကီးအကဲ Bill Nelson ကေျပာပါတယ္။

အခု Artemis I ခရီးစဥ္မွာ အာကာသယာဥ္မွဴးေတြ ပါမသြားေပမဲ့ အာကာသယာဥ္မွဴးပံု အ႐ုပ္ ၃ ႐ုပ္ပါသြားပါတယ္။ အာကာသယာဥ္မွဴးေတြ လိုက္ပါဖို႔ စီစဥ္ထားတဲ့ Artemis II ခရီးစဥ္အတြက္ အခုခရီးစဥ္ဟာ အေရးႀကီးတဲ့ စမ္းသပ္မႈျဖစ္တယ္လို႔ နာဆာက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

လကမ္ဘာစူးစမ်းမယ့် အာကာသယာဉ်ငယ်နဲ့ ဒုံးပျံ NASA လွှတ်တင်

NASA အမေရိကန်အာကာသစူးစမ်းရေးအေဂျင်စီရဲ့ ခေတ်ရှေ့အပြေးဆုံး ဒုံးပျံတစင်းကို လကမ္ဘာကို စူးစမ်းဖို့ လွှတ်တင်လိုက်ပါတယ်။

Orion အာကာသယာဉ်ငယ်လေးကို သယ်ဆောင်သွားတဲ့ Artemis ဒုံးပျံကို Florida ပြည်နယ်မှာရှိတဲ့ Cape Canaveral အာကာသစခန်းကနေ ဒီနေ့ နိုဝင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ လွှတ်တင်လိုက်တာပါ။ အမေရိကန်က Apollo လကမ္ဘာစူးစမ်းရေး နောက်ဆုံးလုပ်ခဲ့တာ အနှစ် ၅၀ အကြာမှာ လကမ္ဘာကို အနီးကပ်ဆုံးလေ့လာဖို့ ခုလိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Artemis I လကမ္ဘာစူးစမ်းရေးခရီးစဉ်အဖြစ် ဒုံးပျံလွှတ်တင်ဖို့ ပထမ ၂ ကြိမ်မှာ ရွှေ့ဆိုင်းခဲ့ပြီးနောက် အခု တတိယအကြိမ်မြောက်မှာ လွှတ်တင်နိုင်ခဲ့တာပါ။ Artemis ဒုံးပျံနဲ့ပါသွားတဲ့ Orion အာကာသယာဉ်ငယ်လေးက လကမ္ဘာနဲ့ မိုင် ၄ သောင်းအကွာလောက်ကနေ ၂၆ ရက်ကြာလောက် လှည့်ပတ် လေ့လာပြီးရင် ကမ္ဘာမြေကိုပြန်ဆင်းသက်လာမှာဖြစ်ပါတယ်။

နာဆာရဲ့ အာကာသစူးစမ်းရေးဒုံးပျံနဲ့ Orion အာကာသယာဉ်ငယ်လေးတို့ကို ပထမဆုံးအကြိမ်လွှတ်တင်နိုင်ခဲ့တာက သိပ်ကို ဝမ်းသာစရာဖြစ်ပြီး နာဆာရဲ့ လကမ္ဘာသာမက အင်္ဂါဂြိုဟ်ပေါ်အထိ လူသားတွေသွားပြီး စူးစမ်းနိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ နာဆာအကြီးအကဲ Bill Nelson ကပြောပါတယ်။

အခု Artemis I ခရီးစဉ်မှာ အာကာသယာဉ်မှူးတွေ ပါမသွားပေမဲ့ အာကာသယာဉ်မှူးပုံ အရုပ် ၃ ရုပ်ပါသွားပါတယ်။ အာကာသယာဉ်မှူးတွေ လိုက်ပါဖို့ စီစဉ်ထားတဲ့ Artemis II ခရီးစဉ်အတွက် အခုခရီးစဉ်ဟာ အရေးကြီးတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

XS
SM
MD
LG