သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် သတ္တိရှင် အမျိုးသမီးဆုရ


မဇင်မာအောင် လက်ဝဲဘက် -(ဒု)၊ အခြားဆုရှင်များနှင့်အတူ သမ္မတကတော် မီရဲှလ်အိုဘားမား(လယ်)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ယာဘက်အတွင်း (စတုတ္ထမြောက်)
မဇင်မာအောင် လက်ဝဲဘက် -(ဒု)၊ အခြားဆုရှင်များနှင့်အတူ သမ္မတကတော် မီရဲှလ်အိုဘားမား(လယ်)၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ယာဘက်အတွင်း (စတုတ္ထမြောက်)

လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာတဝန်းက အမျိုးသမီး (၁၀) ဦးကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမေရိကန်အစိုးရက ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။

၂ဝ၁၂ ခုနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေအဖြစ် နိုင်ငံ အသီးသီးက အမျိုးသမီးဆယ်ဦးကို ချီးမြှင့်ခဲ့တာမှာ မြန်မာနိုင်ငံက မဇင်မာအောင်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တိုးမြှင့်ရရှိရေး ကြိုးပမ်းလုပ်ဆောင်မှုတွေ အတွက် နိုင်ငံရေးလှုပ်ရှားသူ မဇင်မာအောင်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

မဇင်မာအောင်ဟာ အကျဉ်းထောင်ထဲမှာ ၁၉၉၈ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးတဲ့ အချိန်ကတည်းက စပြီး နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ တိုးတက်လာရေးအပါအဝင် အနာဂတ် ဒီမိုကရေစီနိုင်ငံအတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေကို တခြား အဖွဲ့အစည်းတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့ပါတယ်။
အမျိုးသမီးတွေရဲ့ တန်းတူညီမျှခွင့်အတွက် ကြိုးစားလုပ်ဆောင် တာဟာ မှန်ကန်တဲ့ လုပ်ရပ်တခုသာမကဘဲ ချက်ချာပါးနပ်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်လို့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ပြောခဲ့ပါတယ်။

မဇင်မာအောင်နဲ့အတူ အသိအမှတ်ပြု ချီးမြှင့်ခံရတဲ့ အမျိုးသမီး ရဲစွမ်းသတ္တိ ဆုရှင်တွေထဲမှာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ ဆူဒန်၊ တူရကီ၊ လစ်ဗျား၊ ကိုလမ်ဘီယာ၊ မော်လ်ဒိုက်ဗ်၊ တူရကီနဲ့ ဘရာဇီးလ်နိုင်ငံတွေက ဖြစ်ပါတယ်။

XS
SM
MD
LG