သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအရင်းအမြစ် ပြဿနာ တည်ငြိမ်မှု ထိခိုက်မှာ အမေရိကန်စိုးရိမ်


လူ့အသိုင်းအဝိုင်းအတွက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုတွေအတွက် ရေရရှိရေးဟာ မရှိမဖြစ် အရေးကြီးတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ နောင်လာမယ့် ဆယ်စုနှစ်အတွင်း ရေကြောင့် ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုတွေက မတည်ငြိမ်မှုတွေ ဖြစ်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ရေအရင်းအမြစ် ရရှိရေး အခရာကျတဲ့အကြောင်း ဒီနှစ် ၂၀၁၂ ခုနှစ်အတွက် “ကမ္ဘာ့ရေနေ့” အဖြစ် ဝါရှင်တန်မြို့တော်မှာ ပြောလိုက်တာပါ။ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးဟာဆိုရင်လည်း ကျန်းမာရေးကိစ္စအပေါ် သက်ရောက်မှုတွေ အကြီးအကျယ်ရှိတယ်လို့ ပြောပါတယ်။ ကမ္ဘာတဝှမ်း ရေရရှိရေးဟာ စိုးရိမ်စရာ ကိစ္စတခု ဖြစ်နေရသလို ဒီအထဲက အမေရိကန်မှာဆိုရင်လည်း တိုင်းပြည် အနောက်တောင်ဘက်က ကန္တာရဒေသမှာ လိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ရတဲ့ အခက်အခဲတွေ၊ အရှေ့ပိုင်းမှာ ဆိုရင်လည်း ရေလွှမ်းမိုးတဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာတွေလို အခြေအနေတွေကိုလည်း အလေးထား ပြောသွားခဲ့တာပါ။

တချိန်တည်းမှာပဲ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီရဲ့ အစီရင်ခံစာထဲမှာတော့ ရေပြဿနာကြောင့် လာမယ့် ဆယ်စုနှစ်အတွင်း ဒေသတွင်း တင်းမာမှုတွေ အရေးကြီးတဲ့ ကိစ္စရပ်တွေကို အာရုံမစိုက်နိုင်တဲ့ အဖြစ်မျိုးတွေ ကြုံရနိုင်တယ်လို့ ဖော်ပြလိုက်ပါတယ်။

အစီရင်ခံစာကတော့ အမေရိကန် လုံခြုံရေး အကျိုးစီးပွားအတွက် လာမယ့် နှစ်ပေါင်း ၃ဝ အတွင်း ကမ္ဘာ့ရေပြဿနာက ဘယ်လို ရိုက်ခတ်နိုင်သလဲဆိုတာကို ဆန်းစစ်ဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG