သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပငွေကြေး အကျပ်အတည်း ကယ်ဆယ်ရေး ဂျာမဏီပါလီမန် အတည်ပြု

ဥရောပငွေကြေး အကျပ်အတည်း ကယ်ဆယ်ရေး ဂျာမဏီပါလီမန် အတည်ပြု
ဥရောပငွေကြေး အကျပ်အတည်း ကယ်ဆယ်ရေး ဂျာမဏီပါလီမန် အတည်ပြု

ဥရောပငွေကြေး သုံးစွဲကြပြီး အကြွေးနစ်နေတဲ့ နိုင်ငံတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး မတည်မယ့် ဒေါ်လာ သန်းပေါင်း ၁ သန်း ထဲမှာ ဂျာမဏီ နိုင်ငံက ထည့်ဝင်ရမယ့်ငွေကို ထည့်ဖို့ ဂျာမဏီ ဥပဒေပြုလွှတ်တော် အမတ်တွေက သဘောတူလိုက်ကြပါတယ်။

အောက်လွှတ်တော်က အတည်ပြုပြီးတဲ့နောက်၊ အထက်လွှတ်တော်က သောကြာနေ့ မှာ အတည်ပြုလိုက်တာပါ။ ဂျာမဏီနိုင်ငံ ရဲ့ စီးပွားရေး ဟာဥရောပ မှာ ပမာဏအကြီးမားဆုံးဖြစ်ပြီး၊ ဒေါ်လာသန်းပေါင်း ၂ သိန်းနီးပါး ထည့်ဝင်မှာ ဖြစ်ပါတယ်။

ဒီကယ်တင်ရေး အစီအစဉ်အရ ကုန်ကျခံမယ့် ရန်ပုံငွေကို ဂျာမဏီနိုင်ငံမှာ နိုင်ငံရေးအရ လူကြိုက်မများလှပါဘူး။ အကူအညီမပေးရင် ဖြစ်ပေါ် လာမယ့် စီးပွားရေး ကသောင်းကနင်းဖြစ်မှု နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်၊ ခုလို ကယ်တင်ရေး အစီအစဉ်က အကုန်အကျ သက်သာပါတယ်လို့ ဝန်ကြီးချုပ် Angela Merkel နဲ့ ဘဏ္ဍာရေးဝန်ကြီး Wolfgang Schaeuble တို့က တင်ပြခဲ့ကြပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက အကြွေးအဆင့်ကို ကန့်သတ်ပြီး ဘဏ္ဍာရေးစနစ်ကို ပိုပြီး ကောင်းကောင်း အုပ်ချုပ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အတွက် ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဘရပ်ဆဲလ်မြို့မှာ သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG