သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ် အမှုရင်ဆိုင်ရမည်

ပါကစ္စတန်ဝန်ကြီးချုပ် အမှုရင်ဆိုင်ရမည်
ပါကစ္စတန်ဝန်ကြီးချုပ် အမှုရင်ဆိုင်ရမည်

ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံးတော်ရှေ့ လာရောက်ဖို့ ပါကစ္စတန် တရားရုံးချုပ်က ဆင့်ခေါ်လိုက်ပါတယ်။

ပါကစ္စတန်သမ္မတ အာဆစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zadari) အပါအဝင် ထောင်ပေါင်းများစွာသော လူတွေအပေါ် စွပ်စွဲထားတဲ့ လာဘ်စားမှုတွေကို ပြန်ပြီးစစ်ဆေးဖို့ ပျက်ကွက်တဲ့အတွက် တရားရုံးအမိန့်ကို ဖီဆန်တယ်ဆိုတဲ့ စွဲချက်ကို ရင်ဆိုင်ဖို့ အခုလို ဆင့်ခေါ်လိုက်တာပါ။

ရှေ့ဆက် အရေးယူလုပ်ဆောင်ဖို့နဲ့ ဂီလာနီအပေါ် တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ စွဲချက်တင်ဖို့ လုံလောက်တဲ့ အကြောင်းတွေ ရှိထားတယ်လို့ အဖွဲ့ဝင် ခုနစ်ဦးပါ တရားရုံးချုပ်က ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ အပြစ်ရှိကြောင်း တွေ့ရတယ်ဆိုရင် ဝန်ကြီးချုပ်ဟာ ရာထူးလက်လွတ်ပြီး ထောင်ကျနိုင်ပါတယ်။

ဒါပေမဲ့လည်း စီရင်ချက်ရဲ့ သဘောသဘာဝဟာ အပြစ်ရှိကြောင်း နောက်ဆုံးအမိန့်ပေါ်မှာ တည်မှီနေတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

၁၉၉ဝ ပြည့်နှစ်တွေအထိ နောက်ကြောင်းပြန်တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အမှုတွေနဲ့ပတ်သက်ပြီး တရားရုံးချုပ်နဲ့ ဝန်ကြီးချုပ်တို့အကြား အခြေအတင် ဆက်ဖြစ်နေချိန်မှာ တရားရုံးချုပ်ရဲ့ အခုဆင့်ခေါ်ချက် ကြာသပတေးနေ့က ထွက်လာတာပါ။ ပါကစ္စတန်သမ္မတ အာဆစ်ဖ် အာလီ ဇာဒါရီ၊ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုနဲ့ တခြားလူတွေဟာ ဆွစ်ဇာလန်နိုင်ငံက ဘဏ်စာရင်းတွေကနေ တဆင့် ဒေါ်လာ န်းပေါင်းများစွာကို တရားမဝင် ရယူခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

This item is part of
XS
SM
MD
LG