သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လဒိုက်သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်

မော်လဒိုက်သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်
မော်လဒိုက်သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်

အိန္ဒိယ သမုဒ္ဒရာထဲက မော်လဒိုက် (Maldives) နိုင်ငံ သမ္မတဟောင်း မိုဟာမက် နာရှိဒ် (Mohamed Nasheed) ကိုဖမ်းဖို့ မာလေ (Male) မြို့တော် ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာမို့ သမ္မတဟောင်းဟာ အဖမ်းခံဖို့ စောင့်ဆိုင်းနေပါတယ်။ တရားရုံးက သမ္မတနဲ့အတူ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကိုပါ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။

သူဟာ ထောင်ထဲသွားရဖို့ နီးနေတာမို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အမြန် ကူညီဆောင်ရွက် မယ်လို့ မျှော်လင့်ထားကြောင်း မစ္စတာ နာရှိဒ်က သူ့နေအိမ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူ့ဇနီးနဲ့သမီးကတော့ သီရိလင်္ကာနိုင်ငံကို ထွက်ပြေး တိမ်းရှောင်သွားပြီဖြစ်ပြီး သူကတော့ တနိုင်ငံလုံး ပျက်စီးမယ့် အန္တရာယ်ကို အတတ်နိုင်ဆုံး ခုခံကာကွယ်ဖို့ မောလဒိုက်မှာပဲ နေခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ နာရှိဒ်ဟာ မော်လဒိုက်နိုင်ငံရဲ့ ပထမဆုံး အရွေးကောက်ခံ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ သူဟာ အာဏာ အသိမ်းခံခဲ့ရပြီး သူ့ရဲ့လက်အောက်မှာ ဒုတိယအကြီးဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ အခု သမ္မတသစ် တာဝန်ယူထားတဲ့ မိုဟာမက် ဝါဟိဒ် ဟဆန်း Mohammed Waheed Hassan အမြန် နုတ်ထွက်ပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

သမ္မတ ဟဆန်းဟာ အာဏာသိမ်းရာမှာ ပါဝင်သူတဦးဖြစ်မှာကို သူက စိုးရိမ်နေပြီး အခွင့်ကောင်းကို မိမိရရ ဆုပ်ကိုင်ခဲ့သူ ဖြစ်နိုင်တယ်လို့ပါ သူကတွက်ဆတာမို့ ဒီကိစ္စကို တရားရေးဌာနကနေ သေသေ ချာချာ စုံစမ်းစစ်ဆေးပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဟဆန်းကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး နိုင်ငံကိုအုပ်ချုပ်ဖို့ သူ အသင့်ရှိမနေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့်ရက် အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ ညီညွတ်တဲ့ဝန်ကြီးများအဖွဲ့အတွက် ခန့်အပ်မယ့်သူတွေကို ကြေညာဖို့ ရှိတယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG