သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ၃ နယ် ရွေးကောက်ပွဲရွှေ့ဆိုင်းမှု အမေရိကန် စောင့်ကြည့်


ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေအနေကြောင့် လာမယ့် ဧပြီလ ၁ ရက်နေ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ကျင်းပနိုင်မှာ မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေကို အပြည့်စုံ နားလည်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က ပြောပါတယ်။

“ကချင်ပြည်နယ်က ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခွင့် ဆုံးရှုံးအောင် မြန်မာအစိုးရက တမင် လုပ်တာလား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ရွှေ့ဆိုင်းလိုက်တာလဲ ဆိုတာကို နားလည်နိုင်ဖို့ ကျမတို့ ဒီကိစ္စကို စုံစမ်းနေပါတယ်။ သူတို့နဲ့ စကားမပြောရသေးတဲ့အတွက် လောလောဆယ်တော့ ဘာမှ ဝေဖန် မပြောနိုင်သေးပါဘူး။ ကချင်ပြည်နယ်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိရပါလိမ့်မယ်။”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကတည်းကစလို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေသလို ဒီအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တဲ့အကြာင်းနဲ့ မြန်မာအစိုးရနဲ့ ကချင်အဖွဲ့တွေ နှစ်ဘက်စလုံးက အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းတဲ့ အကြောင်းလည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG