သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေတည်ငြိမ်မှု ရေရှည် စိတ်မချရ


ပြီးခဲ့တဲ့လတွေအတွင်း ဥရောပနိုင်ငံတွေရဲ့ ကြွေးမြီ ပြဿနာတွေကို ဖြေလျှော့ပေးနိုင်ခဲ့တာကြောင့် ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးအခြေအနေဟာ တည်ငြိမ်ပြီး တိုးတက်မှု ရှိလာခဲ့ပေမယ့် ရေရှည်စီးပွားရေး တိုးတက်မှု ကတော့ သိပ်ပြီး မသေချာသေးဘူးလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၈ ရက်နေ့ မှာ ပြောဆိုလိုက်ပါတယ်။

IMF ရဲ့ ထိပ်တန်းအရာရှိကြီးဖြစ်တဲ့ ဟိုဆေး၊ ဗီနဲလစ်စ် (Jose Vinals) က ဧပြီ ၁၈ ရက်နေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ ပြောကြားခဲ့တာ ကတော့ ဂရိနိုင်ငံအတွက် အထူး ဘဏ္ဍာရေးအစီအစဉ်နဲ့ အနာဂတ်ဥရောပရဲ့ ဘဏ္ဍာရေး အရေးပေါ်အခြေအနေတွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေတရပ် ထူထောင်နိုင်ခဲ့ခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အခြေအနေ စိုးရိမ်နေရမှုကို ပြေလျှော့စေခဲ့တယ်လို့ မစ္စတာ ဗီနဲလ်က ပြောပါ တယ်။ ဒါပေမယ့် တိုးတက်မှုရရှိခြင်းက နှေးကွေးနေတယ်လို့လည်း သူက ဆိုပါတယ်။

အခုလို ချမှတ်ခဲ့တဲ့မူဝါဒတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ အရေးယူဆောင်ရွက်ချက်တွေက မနှစ်က ကမ္ဘာ့ငွေကြေး ဈေးကွက်မှာ အကျပ်အတည်းဖြစ်ပေါ်မှု ထိပ်ဆုံးကို ရောက်ရှိနေတာကနေ အလိုအပ် ဆုံးသော ပြေလျှော့မှုကို ရောက်ရှိစေခဲ့တယ် လို့လည်း မစ္စတာ ဗီနဲလ်စ်က ပြောပါတယ်။ ဒီအကျပ်အတည်းကနေ လုံးဝဥဿုံရှောင်ထွက်လာနိုင်ခဲ့ပြီလို့ ပြောဖို့ရာ စောနေသေးတာကတော့ ရှေရှည် တည်ငြိမ်မှုရရှိရေး မသေချာတာကြောင့် ဖြစ်တယ်လို့လည်း IMFရဲ့ ထိပ်တန်း အရာရှိကြီး ဟိုဆေး ဗီနဲလ်စ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG