သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ပြည်ပဝင်စွက်မှု တရုတ် ရုရှား ဆန့်ကျင်

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက သံတမန် အတော်များများကို လက်မခံတော့ကြောင်း ဒီကနေ့မှာပဲ ဆီးရီးယား အစိုးရက ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ပြဿနာတွေကို ပြည်ပကနေ ဝင်ရောက် ဖြေရှင်း တာမျိုး ရုရှားနိုင်ငံနဲ့အတူ ညီညီညွတ်ညွတ် ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါ တယ်။

ဘေဂျင်းမြို့တော်ကို ရုရှားသမ္မတ Vladimir Putin ရောက်ရှိလာချိန်မှာပဲ သမ္မတ Bahar al-Assad ၁၁ နှစ်ကြာ အုပ်ချုပ်နေတဲ့ အစိုးရကို အတင်းအကျပ် ဖယ်ရှားဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin ကပြောလိုက်တာပါ။ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်လာတဲ့ ရုရှားသမ္မတကတော့ သမ္မတ Hu Jintao အပါအဝင် တရုတ်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံနေပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တရုတ်နဲ့ ရုရှား ၂ နိုင်ငံတို့က ဆီးရီးယား သွေးထွက် သံယို ပဋိပက္ခတွေ အဆုံးသတ်စေရေးအတွက် အစိုးရနဲ့ အတိုက်အခံ ၂ ဘက်စလုံးကို ဆက်လက် တောင်းဆို ထားတယ်လို့လည်း ပြောခဲ့တာပါ။ ဆီးရီးယား နိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်စေဖို့နဲ့ သမ္မတ အာဆဒ် အစိုးရကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အနောက် နိုင်ငံတွေနဲ့ အာရပ်အဖွဲ့ချုပ်တို့က အကြိမ်ကြိမ် ကြိုးပမ်းနေတာတွေကိုတော့ နှစ်နိုင်ငံစလုံးက လက်မခံဘဲ ပယ်ချနေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG