သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် မူဆလင်ညီအကိုအဖွဲ့ ကိုယ်စားလှယ် သမ္မတအဖြစ် အနိုင်ရ


အီဂျစ်နိုင်ငံမှာ လူထုအဓိကရုဏ်း အရေးအခင်းကြီးတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပထမဦးဆုံးကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အစ္စလာမ်ဝါဒီ မိုဟာမက် မော်စီ (Mohammed Morsi )က သူအနိုင်ရတယ်လို့ ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ယှဉ်ပြိုင်ဘက် အာမက်ရှဖစ် (Ahmed Shafiq) ကတော့ ဒီလို ပြောဆိုချက်ကို လက်မခံသေးပါဘူး။ မစ္စတာမော်စီရဲ့ မွတ်ဆလင်ညီအကိုတော်များလှုပ်ရှားမှုအဖွဲ့က တနင်္ဂနွေနေ့မှာ နောက်ဆုံးကျင်းပခဲ့တဲ့ နှစ်ရက်ကြာရွေးကောက်ပွဲမှာ ပြင်ပကနေ ကောက်ခံထားတဲ့စစ်တမ်းတွေအရ မစ္စတာမော်စီဟာ ပေးခဲ့ကြတဲ့ မဲအရေအတွက်ရဲ့ ၅၀ % အနိုင်ရထားတယ်လို့ ပြောပါတယ်။ အရင်သမ္မတဟောင်း ဟော့်စနီမူဘာရက်လက်ထက်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာရှဖစ်က မဲ ၄၈% ပဲရတယ်လို့ ပြောပါတယ်။

နိုင်ငံအနှံ့က မဲရုံအားလုံးနီးပါးမှာ ချထားတဲ့ မွတ်ဆလင်ညီအကိုယ်တော်များအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဆီက ရတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ မိုဟာမက်မော်စီက သူအနိုင်ရကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ရွေးကောက်ပွဲစည်းရုံးရေးဌာနချုပ်ရုံးမှာ မစ္စတာမော်စီက စကားပြောခဲ့တာမှာ သူ့အနေနဲ့ အစ္စလာမ်နဲ့ခရစ်ယာန် ဘာသာဝင်တွေအားလုံးကို ဦးဆောင်မှုပေးမှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို အတူတကွယှဉ်တွဲနေထိုင်ပြီး စံပြတိုင်းပြည်တခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

XS
SM
MD
LG