သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ကမ်းလွန် သင်္ဘောမှောက်၊ ၉၀ ကျော် ပျောက်ဆုံး


သြစတြေးလျနိုင်ငံမှာ သင်္ဘောတိမ်းမှောက်သွားမှုကြောင့် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရာမှာ လူပေါင်း ၁၀၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၉၀ ဦးခန့်တော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ရေကြောင်း အရာရှိတွေက ဆိုပါတယ်။

နိုင်ငံအစွန်အဖျားက ခရစ္စမတ်ကျွန်းမှာ မနေ့ကတိမ်းမှောက်သွားတဲ့ ဒီသင်္ဘောမှာ သြစတြေးလျနိုင်ငံကို နိုင် ငံရေး ခိုလှုံခွင့်လျှောက်ဖို့ ထွက်ပြေးလာသူပေါင်း ၂၀၀ ပတ်ဝန်းကျင် ပါလာတယ်လို့ သြစတြေးလျ ရေကြောင်း အရာရှိတွေက ဆက်ပြောပါတယ်။

သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလပ်ကလည်း ဒီ တိမ်းမှောက်မှုအပြီးမှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ ဒီဖြစ်ရပ်ကြောင့် လူအများအပြားသေဆုံးမှုရှိခဲ့တယ်၊ အသေးစိတ် အတိအကျကတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရသေးဘူး၊ ဒါပေမဲ့ အင်ဒိုနီးရှားကနေ ထွက်လာတဲ့ ဒီခရီးကျမှ အခုလိုဖြစ်ရတာ တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

XS
SM
MD
LG