သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကျောက်မီးသွေးတွင်းပြိုကျ၊ အလုပ်သမား ၂၁ ယောက် ပိတ်မိနေ


တရုတ် ကျောက်မီးသွေးတွင်းပြိုကျ၊ အလုပ်သမား ၂၁ ယောက် ပိတ်မိနေ
တရုတ် ကျောက်မီးသွေးတွင်းပြိုကျ၊ အလုပ်သမား ၂၁ ယောက် ပိတ်မိနေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကွေ့ဂျိုး (Guizhou) ပြည်နယ်မှာ ရှိတဲ့ ကျောက်မီးသွေးတွင်း တခုမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားရာက စနေနေ့ အစောပိုင်းမှာ တွင်းတူးလုပ်သား ၂၁ ယောက် မြေအောက်မှာ ပိတ်မိနေတယ်လို့ အစိုးရပိုင် သတင်းက ပြောပါတယ်။

Pingtang ခရိုင် Niupeng ကျောက်မီးသွေးတွင်းမှာ ရေလွှမ်းမိုးမှု ဖြစ်တဲ့အချိန်က တွင်းတူးလုပ်သား ၂၉ ယောက်ဟာ အဆိုင်း ၂ ဆိုင်းခွဲပြီး အလုပ်လုပ်နေကြတာလို့လည်း Xinhua သတင်းက ဖော်ပြခဲ့တာပါ။ ဒီအထဲက ၈ ယောက်ကိုတော့ ဘေးလွတ်ရာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးတွင်းတူး လုပ်ငန်းတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးမားဆုံးအဖြစ်နဲ့ နှစ်စဉ်တွင်းတူးသမား ထောင်ချီသေဆုံးလေ့ရှိပါတယ်။

တရုတ်နိုင်ငံမှာ ကျောက်မီးသွေး လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတာနဲ့အမျှ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းရှင် အများအပြားဟာ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မကြာခနဆိုသလို လျစ်လျူရှုတာ ကျင့်သုံးဖို့ ပျက်ကွက်တာတွေလည်း ရှိပါတယ်။

XS
SM
MD
LG