သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ရေဘေးကာကွယ်ရေး ထိုင်းစစ်တပ် အချိန်လု ကြိုးပမ်း


ဘန်ကောက်ရေဘေးကာကွယ်ရေး ထိုင်းစစ်တပ် အချိန်လု ကြိုးပမ်း
ဘန်ကောက်ရေဘေးကာကွယ်ရေး ထိုင်းစစ်တပ် အချိန်လု ကြိုးပမ်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက မြို့ထဲ ရေမဝင်အောင်ကာထားတဲ့ တာတမံတွေ နေရာမှာ နောက်ထပ် သဲအိတ် တစ်သန်းနဲ့ ထပ်ပြီး အားဖြည့်ဖို့အတွက် ထိုင်းစစ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ အဆောတလျဉ် ကြိုးစားနေကြပါတယ်။

အစောပိုင်းတုန်းကတော့ ဘန်ကောက်မြို့တော်ကို ရေတွေဝင်မှာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေက ပြောခဲ့တာပါ။ ဒါပေမယ့် အဲဒီ ဘန်ကောက်မြို့ မြောက်ပိုင်းမှာ စက်မှုဇုန်မှာ လုပ်ထားတဲ့ တမံတွေနေရာကနေ ရေကျော်တက်လာနေတာကို တနင်္လာနေ့က သက်ဆိုင်ရာ အရာရှိတွေ တွေ့ခဲ့တာပါ။ အဲဒီ နေရာကို သဲအိတ်တွေ ထပ်ဖြည့်ဖို့ ဗုဒ္ဓဟူးနေ့၊ ညနေပိုင်းအထိ သူတို့အချိန်ရတယ်လို့ ဆိုပါတယ်။

အာရှတလွှား မိုးသည်း၊ ရေကြီးမှုတွေဖြစ်နေတာကြောင့် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့မှာလည်း ရေလွမ်းမိုးမှုတွေဖြစ်ပြီး လူသန်းပေါင်းများစွာလည်း ဒုက္ခရောက်နေကြတာပါ။ နှစ်ပေါင်း ၅၀ အတွင်း ထိုင်းနိုင်ငံမှာ အဆိုးဆုံး ရေလွမ်းမိုးမှုလို့ဆိုတဲ့ ဒီရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ ၅၅ ယောက်ရှိသွားပြီလို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဘန်ကောက်မြို့ကို ကာထားတဲ့ တမံတွေအပေါ် သဲအိတ်ထပ်ဖို့တဲ့လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ စစ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG