သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီရဲ့ သားတဦးကို ဖမ်းဆီး ရမိ


ကဒါဖီဆန့်ကျင်ရေး အဖွဲ့က ဆာ့တ်မြို့ကို သိမ်းရန် ကြိုးစားသည့် မြင်ကွင်း။ အောက်တိုဘာလ ၁ ရက်။ ၂၀၁၁။

လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာကဒါဖီရဲ့သားတဦးဖြစ်တဲ့ (Mutassim ) မွတ်စတာဆင်မ် ကဒါဖီကို လစ်ဗျားနိုင်ငံ ကမ်းခြေမြို့ဖြစ်တဲ့ ဆာ့တ်မြို့မှာ ဖမ်းဆီးရမိတယ်လို့ လက်ရှိ ကြားဖြတ်အစိုးရ NTC ကပြောပါတယ်။

မွတ်စတာဆင်မ်ကို အာဏာပိုင်တွေက စစ်ဆေးဖို့ ဘင်ဂါဇီမြို့ကို ခေါ်သွားခဲ့တယ်လို့ မနေ့ကပဲ NTC အရာရှိတွေကပြောပါတယ်။ သူနဲ့ပတ် သက်ပြီး တခြား အသေးစိတ် အခြေအနေတွေကိုတော့ မပြောပါဘူး။ အဲဒီဆာ့တ်မြို့ရဲ့ ၈၀ ရာခိုင်နှုံးကျော်ကို အခု သူတို့ ထိန်းချုပ် ထားနိုင်ပြီလို့ ကဒါဖီ ဆန့်ကျင်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း ဆာ့တ်မြို့မှာ ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပါပဲ။

အဲဒီဆာ့တ်မြို့ဟာ မိုမာကဒါဖီရဲ့ဇာတိမြို့ပါ။ အခု ရက်ပိုင်းတွေအတွင်းမှာတော့ လစ်ဗျားက လက်ရှိ ကြားဖြတ်အစိုးရ NTCတပ်ဖွဲ့တွေက ဆာ့တ်မြို့မှာ ထူးခြားတဲ့အောင်မြင်မှုတချို့ ရနေပါတယ်။ အဲဒီမြို့က ရဲဌာနချုပ်ကို အင်္ဂါနေ့တုန်းက NTC တပ်ဖွဲ့တွေက စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်တုန်းကလည်း အဲဒီမြို့ရဲ့ အဓိကကျတဲ့ ဆေးရုံတခု၊ တက္ကသိုလ်တခုနဲ့ အစည်းအဝေးတွေ ကျင်းပတဲ့ အဆောက်အဦး တခုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ချိန်ထိ မိုမာကဒါဖီ ဘယ်မှာရှိနေသလဲတော့ မသိသေးပါဘူး။

XS
SM
MD
LG