သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြောက်ပိုင်းကို တူရကီ ထိုးစစ်ဆင်

တူရကီဝန်ကြီးချုပ် Tayyip Erdogan
တူရကီဝန်ကြီးချုပ် Tayyip Erdogan

အီရတ်နိုင်ငံ မြောက်ပိုင်းက ကဒ် Kurd သူပုန်တွေက တူရကီ အရှေ့တောင်ပိုင်း ဒေသမှာရှိတဲ့ တူရကီ စစ်တပ် အစောင့်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တူရကီစစ်သား ၂၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့တာမို့ ဒီ ကဒ်သူပုန်တွေကို တိုက်ခိုက်ဖို့ တူရကီက စစ်ဆင်ရေးတရပ် စတင်လိုက်ပြီ ဖြစ်ပါတယ်။

တူရကီစစ်သားတွေ ရဟတ်ယာဉ်နဲ့ လာနေချိန်မှာပဲ အီရတ်မှာရှိတဲ့ ကဒ်သူပုန်တွေကို ပစ်မှတ်ထားပြီး တူရကီလေတပ် ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တူရကီသတင်းကရေးပါတယ်။ ဒီလက်စားခြေ တိုက်ခိုက်မှုကနေ ကဒ်သူပုန် ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

PKK လို့ခေါ်တဲ့ ကဒ်အလုပ်သမားပါတီ တပ်သားတွေက တူရကီနိုင်ငံ ဟာကားရိ Hakkari ခရိုင်မှာ ရှိတဲ့ Cukurca နဲ့ Yuksekova က စစ်တပ်စခန်းတွေကို ပစ်ခတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ကာဇက်စတန် Kazakhstan ကို သွားမယ့် ခရီးစဉ်ကို တူရကီ ဝန်ကြီးချုပ် ရီးစက် တေးယပ် အာဒိုဂန် Recep Tayyip Erdogen က ဖျက်သိမ်းလိုက်ပြီး တူရကီတပ်တွေ စစ်ဆင်ရေး လုပ်နေတယ် လို့ ပြောခဲ့ပါတယ်။ သမ္မတ Abdullah Gul ကလည်း တူရကီ နိုင်ငံသားတွေကို ထိခိုက်အောင်လုပ်သူ မှန်သမျှ ပိုပြီး အထိနာအောင် ပြန်လည်လုပ်ဆောင်မှာဖြစ်တဲ့အပြင် အခုလို လက်တုံ့ပြန် တိုက်ခိုက်မှုတွေဟာ ကောင်းတယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘာရက်ခ်၊ အိုဘားမား Barack Obama ကလည်း ကဒ်သူပုန်တွေရဲ့ ဆိုးဝါးတဲ့ အကြမ်းဘက် တိုက်ခိုက်မှုတွေကို ရှုတ်ချလိုက်ပြီး PKK ကို ခုခံရာမှာ အမေရိကန်က တူရကီနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

တူရကီနိုင်ငံအနေနဲ့ အကြမ်းဖက် အန္တရာယ်ကို တွန်းလှန်ပြီး ကိုယ့်နိုင်ငံကိုယ် ခုခံကာကွယ်ခွင့်ရှိတယ် လို့်လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

အီရတ်မှာဖြစ်ဖြစ်၊ တခြား ဘယ်နေရာမှာဖြစ်ဖြစ် တူရကီနိုင်ငံရဲ့အကြမ်းဖက် အန္တရာယ် တွန်းလှန်ဖို့ လုပ်ဆောင်မှုတွေအတွက် အမေရိကန်နိုင်ငံက ထောက်ခံပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှတန် Catherine Ashton က ဒီတိုက်ခိုက်မှုတွေဟာ ရှက်ဖွယ်ဖြစ်တယ်လို့ ပြောဆိုခဲ့သလို ကဒ်ဒေသ အကြီးအကဲ မာဆွတ် ဘာဇာနီ Massoud Barzani ကလည်း ဒါဟာ ရာဇဝတ်မှုလို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG