သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီရုပ်အလောင်း လျှို့ဝှက် သင်္ဂြိုဟ်


ဂဒါဖီရုပ်အလောင်း လျှို့ဝှက် သင်္ဂြိုဟ်
ဂဒါဖီရုပ်အလောင်း လျှို့ဝှက် သင်္ဂြိုဟ်

လစ်ဗျားနိုင်ငံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း မွန်မာ ဂဒါဖီရဲ့ ရုပ်အလောင်းကို ဂဒါဖီရဲ့သားဖြစ်သူ မူတာ့ဆဲင်း (Mutassim) နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း အဘူဘက်ကာ ယူနစ်စ် (Abu Bakr Younis) တို့ရဲ့ ရုပ်အလောင်းတွေနဲ့ အတူတကွ ဒီကနေ့မနက် စောစောပိုင်း လစ်ဗျားနိုင်ငံထဲက လျှို့ဝှက်တဲ့တနေရာမှာ မြေမြှုပ်သဂြိုၤဟ်လိုက်ပြီလို့ လစ်ဗျားနိုင်ငံရဲ့ ယာယီ အာဏာပိုင်အဖွဲ့က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၂၁ ရက်နေ့က စပြီးတော့ ဂဒါဖီရဲ့ ရုပ်အလောင်းကို ဆိပ်ကမ်းမြို့ဖြစ်တဲ့ မစ်-စ် ရာတာက သားသတ်အအေးခန်းတခန်းမှာ ထားရှိပြီးတော့ အများပြည်သူကို ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ကဒါဖီကို လက်ရဖမ်းဆီးမိခဲ့တဲ့ ဆာ့တ်မြို့တဝိုက်မှာ အထိန်းသိမ်းမဲ့ ပျံ့နှံ့နေတဲ့ စစ်လက်နက်ပစ္စည်း အမြောက်အများကို တွေ့ရှိနေရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး HRW အဖွဲ့က ပြောပါတယ်။

စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ရာ ၂ နေရာကို သွားရောက်စစ်ဆေးတာမှာ ပြီးခဲ့တဲ့ စနေနေ့က မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ တင့်ကား အမြောက်ကျည်နဲ့ မော်တာကျည်တွေ၊ သေနတ်ကျည်နဲ့ မော်တာကျည်ဆံအမြောက်အများ ခိုးယူခံထားပြီးတော့ ပျောက်ဆုံးနေတာကို တွေ့ရှိရတယ်လို့ HRW က ပြောဆိုပါတယ်။

XS
SM
MD
LG