သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိ ကြွေးမြီအစီအစဉ်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးထိုးကျ


ဂရိ ကြွေးမြီအစီအစဉ်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးထိုးကျ
ဂရိ ကြွေးမြီအစီအစဉ်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးထိုးကျ

ဂရိနိုင်ငံက ဥရောပရဲ့ ကြွေးမြီသက်သာစေရေး သဘောတူညီချက်အပေါ် လူထုဆန္ဒခံယူချက် တောင်းခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်တွေ အင်္ဂါနေ့မှာ ထိုးကျဆင်းသွားသလို မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဥရောပခေါင်းဆောင်တွေ ဦးနှောက်ခြောက်နေကြတယ်လို့ ဆိုပါတယ်။

ဥရောပ စတော့ရှယ်ယာဈေးကွက် ထိုးကျသွားသလို အာရှဒေသက ဈေးကွက် အညွှန်းကိန်း ဂဏန်းတွေလည်း ကျဆင်းသွားပါတယ်။

ပဲရစ်မြို့နဲ့ ဂျာမဏီနိုင်ငံ၊ ဖရန့်ဖတ်မြို့ကြီးတွေက ဈေးကွက်တွေမှာ ၅ % ကျသွားပြီး အမေရိကန်နိုင်ငံက ဈေးကွက် မှာတော့ အင်္ဂါနေ့ နေ့လည်ပိုင်းအထိ ၂% ကျဆင်းနေပါတယ်။

စတော့ရှယ်ယာဈေးကွက်ထဲက ဂရိနိုင်ငံကို ငွေချေးငှားထားတဲ့ ဘဏ်တွေရဲ့ အခြေအနေတွေက ပိုပြီးတော့ အထိနာတယ်လို့ ဆိုပါတယ်။

EU ခေါင်းဆောင်တွေဖြစ်ကြတဲ့ Herman Van Rompuy နဲ့ Jose Manuel Barrosso တို့က ဂရိနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက သဘောတူခဲ့တဲ့ ယူရိုဇုန် ကြွေးမြီလျှော့ချရေး သဘောတူညီချက်ကို ဆက်လက်ကိုင်ဆွဲထားလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်း ပြောပါတယ်။

အဲဒီသဘောတူညီချက်ကြောင့် ဂရိနိုင်ငံရဲ့ ကြွေးမြီ ဒေါ်လာဘီလျှံ ၁၄၀ ကို လျှော်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် ဂရိအစိုးရဘက်ကနေ ပြန်ပြီးလုပ်ဆောင်ပေးရမယ့် တင်းကြပ်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေအပေါ် ဂရိနိုင်ငံသား အများအပြားက ဒေါသထွက်ခဲ့ကြပါတယ်။

လာမယ့်နှစ်ဦးပိုင်းမှာ ဖြစ်နိုင်ချေရှိတဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ ဂရိနိုင်ငံဝန်ကြီးချုပ်က တနင်္လာနေ့မှာ ကြေညာလိုက်တဲ့အတွက် ဥရောပခေါင်းဆောင်တွေကော ငွေရေးကြေးရေးအခြေအနေကို လေ့လာ စောင့်ကြည့်နေသူတွေပါ အံ့အားတသင့် ဖြစ်သွားကြရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG