သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်တကျော့ပြန် ရွေးကောက်ပွဲ အစ္စလာမ် ပါတီတွေ အကြိတ်အနယ်ယှဉ်ပြိုင်


အီဂျစ်တကျော့ပြန် ရွေးကောက်ပွဲ အစ္စလာမ် ပါတီတွေ အကြိတ်အနယ်ယှဉ်ပြိုင်
အီဂျစ်တကျော့ပြန် ရွေးကောက်ပွဲ အစ္စလာမ် ပါတီတွေ အကြိတ်အနယ်ယှဉ်ပြိုင်

အီဂျစ်နိုင်ငံမှာ တကျော့ပြန် လွှတ်တော်ရွေးကောက်ပွဲတွေကို ဒုတိယနေ့အဖြစ် ဆက်ပြီး ကျင်းပ နေရာမှာ ပြိုင်ဘက် နိုင်ငံရေးပါတီ ၂ ခုကတော့ တိုင်းပြည်ရဲ့ အကြီးဆုံး မြို့ကြီး ၂ မြို့နဲ့ တခြား ခရိုင် ၇ ခုတို့မှာ မဲအသာရရှိရေး အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။

မြို့တော် ကိုင်ရိုအပါအဝင် အလက်ဇန္ဒီးယား နဲ့ တခြားခရိုင်တွေမှာ တသီးပုဂ္ဂလ နေရာ ၅၂ နေရာ အတွက် တကျော့ပြန်ရွေးကောက်ပွဲတွေကို တနင်္လာနေ့က စတင်ခဲ့ပြီး မဲပေးခဲ့ပြီး ဒီကနေ့ အင်္ဂါနေ့မှာ အပြီးသတ်ကျင်းပဖို့ စီစဉ်ထားပါတယ်။ အီဂျစ်နိုင်ငံမှာ အဓိက အစ္စလာမ်ဘာသာရေးအဖွဲ့ ၂ ခုဖြစ်တဲ့ မူစလင်ညီအကိုတော်များရဲ့ လွတ်မြောက်ရေးနဲ့ တရားမျှတရေးပါတီနဲ့ ရှေးရိုးစွဲ ဆာလာဖစ္စ် နူဝါ (Salafist Nour) ပါတီတွေက ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ် ၂၄ ခုမှာ ဝင်ပြီး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ် ပထမအကျော့ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ယောက်ကတော့ မဲအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို အခိုင်အမာ ရရှိထားပြီးဖြစ်တဲ့အတွက် - တကျော့ပြန်ရွေးကောက်ပွဲတွေမှာ ထပ်ပြီး ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ဘူးဖြစ်ပါ တယ်။

တနင်္လာနေ့က တချို့ခရိုင်တွေမှာ ကျင်းပခဲ့တဲ့ တကျော့ပြန်ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက်ဖြစ်တဲ့ ဒီ အစ္စလာမ် ပါတီ ၂ ခုအကြား တင်းမာမှုတွေဟာ အတော်လေး ကြီးထွားခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။ ရှေးရိုးစွဲ ဆာလာဖစ္စ် နူဝါ ကို ထောက်ခံသူတွေက မူဆလင် ညီအကိုတော်များအဖွဲ့က မဲဆွယ်စည်းရုံးရေးလှုပ်ရှားသူတွေကို မဲရုံတွေအနီးကနေ ထွက်ခွာဖို့ မောင်းထုတ်တဲ့အထိ အခြေအနေတွေက တင်းမာခဲ့တာလည်းဖြစ်ပါတယ်။

အီဂျစ် အာဏာရစစ်ကောင်စီကတော့ - ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံရေးပါတီအားလုံးက မဲဆွယ်လှုပ်ရှားသူတွေကို မဲရုံတွေအနီး မလာရောက်ဖို့ ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG