သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ဘာသာရေးရက်မြတ် ဗုံးကွဲမှု ၅၉ ဦးသေဆုံး


(ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၁)
(ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၁)

အာဖဂန်နစ္စတန်နိုင်ငံက ရှီအာ ဘာသာရေးရက်မြတ် Ashura နေ့ မှာ ဗုံး ၂ လုံး ကွဲခဲ့တဲ့အတွက် လူ ၅၉ ယောက် အင်္ဂါနေ့ မှာ သေဆုံးသွားကြပါတယ်။ တိုင်းပြည်ရဲ့ အလယ်ပိုင်းနဲ့မြောက်ပိုင်းမှာ ခုလို ဖြစ်ခဲ့တာပါ။

မြို့တော်ကဘူးမှာ အနည်းဆုံး ဗုံးခွဲသူ တစ်ယောက်က Abul Fazel ဘုရားကျောင်းအနီး ဘုရားဖူးတွေ စုဝေးနေစဉ်မှာ ခွဲခဲ့တာပါ။ ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် ဒါဟာ အသေအပျောက် အများဆုံးပါ။ လူ ၅၅ ယောက် သေဆုံးပြီး ၂၆၀ ဒဏ်ရာရခဲ့ပါတယ်။

ဆေးရုံတချို့မှာ ဒဏ်ရာရသူတွေ နဲ့ ပြည့်လျှံသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီ အချိန်မှာပဲ မြောက်ပိုင်းက Mazar-e-Sharif မြို့ မှာ ဒုတိယ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့ပါတယ်။ ရှီအာ ဘာသာဝင်တွေကို ပစ်မှတ်ထားမထားကတော့ မသဲကွဲပါဘူး။

ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ Lashkar-e-Jhangvi al-Alami က ကဘူးမြို့ဖောက်ခွဲတာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီ အဖွဲ့ဟာ သူ့ထက်ပိုကြီးတဲ့ Lashkar-e-Jhangvi အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ဖွဲ့ပါ။ ဒီ အဖွဲ့ဟာ အယ်ကိုင်ဒါအဖွဲ့ နဲ့ ဆက်စပ်နေပြီး၊ ပါကစ္စတန် မှာ ရှီအာဘာသာဝင်တွေ ကို တိုက်ခိုက်ရာမှာ တာဝန်ရှိတဲ့ အဖွဲ့ ဖြစ်ပါတယ်။

တာလီဘန် အဖွဲ့ကတော့ သူတို့ အစီအစဉ်မဟုတ်ဘူး လို့ ပြောဆိုလိုက်ပြီး တိုက်ခိုက်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြောလိုက် ပါတယ်။

XS
SM
MD
LG