သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးရေကာတာ ကမ္ဘောဒီးယားမှာ ဖွင့်လှစ်


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။

လောင်စာစွမ်းအင်အကြီးအကျယ်လိုအပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ အကြီးဆုံးရေကာတာ တခုကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီရေကာတာကို တရုတ်နိုင်ငံရဲ့ ငွေကြေးအကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်းတော်တော်များများ ကုန်ကျထားတာပါ။

ဒီရေကာတာ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ကန့်ကွက်နေတာပါ။ မနေ့တုန်းကပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကဦးဆောင်ပြီး အဲဒီ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေစတင်ဖို့ ဖွင့်လှစ်ခဲ့တာပါ။ ကမ်ပေါ့ခရိုင်တောင်ပိုင်း၊ ခမ်ချေးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ အဲဒီရေအားလျှပ်စစ်လုပ်ငန်းကနေ ၁၉၄ မီဂါဝပ် ထုတ်လုပ်ပါလိမ့်မယ်။

ဒါဟာ သမိုင်းတွင်မယ့်ဖြစ်ရပ် တခုပဲဖြစ်ပြီး နိုင်ငံအတွင်း လျှပ်စစ်ကြောင့် ကုန်ကျစရိတ်တွေကို လျှော့နည်း စေလိမ့်မယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကပဲ လျှပ်စစ်ဓာတ်ရနေတာပါ။ ကမ္ဘောဒီးယား အစိုးရက ရေးဆွဲခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျတဲ့ဒီ စီမံကိန်းကို ပြည်ပအခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက ကန့်ကွက်ခဲ့တာပါ။

XS
SM
MD
LG