သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲဆိပ်ကမ်း ဂျပန်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၇၀ ပြည့်

ပုလဲဆိပ်ကမ်းဗုံးကြဲတိုက်ခိုက်ခံရစဉ်က အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ။
ပုလဲဆိပ်ကမ်းဗုံးကြဲတိုက်ခိုက်ခံရစဉ်က အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ။

ပုလဲဆိပ်ကမ်းကို ဂျပန်နိုင်ငံက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့ပါတယ်။ အခုလိုဂျပန်နိုင်ငံရဲ့တိုက်ခိုက်မှုက အမေရိကန် နိုင်ငံကို ဒုတိယကမ္ဘာစစ်အတွင်း ဆွဲသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်မှုခံခဲ့ရပြီး အသက်မသေဘဲကျန်ရှိနေသူ ၁၂၀ ဟာ ပစိဖိတ်ကျွန်း ဟာဝိုင်ယီမှာရှိတဲ့ ပုလဲ ဆိပ်ကမ်းမှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရစဉ်က နစ်မြုပ်ခဲ့တဲ့ USS Arizona စစ်သင်္ဘောကြီးမှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို လူပေါင်း ၃,၀၀၀ လောက် တက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဂျပန်ဘုရင့်ရေတပ်ကနေ ရှောင်တခင် တိုက်ခိုက်ခဲ့တဲ့ မနက် ၇ နာရီ ၅၅ မိနစ်မှာ ခေတ္တငြိမ်သက်မှု ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တိုက်ခိုက်ခံရမှု အမှတ်တရနေ့ကို အမေရိကန်ပြည်ထောင်စုတဝန်းမှာ ကျင်းပခဲ့ပြီး ကျဆုံးခဲ့သူတွေကို အမှတ်တရ အလေးပြုတဲ့အနေနဲ့ အလံကို တိုင်ဝက်လွှင့်ထူခဲ့ကြပါတယ်။

သူတို့ရဲ့ ပေးဆပ်ခဲ့မှုတွေကြောင့် ကြီးကျယ်ခမ်းနားတဲ့ မျိုးဆက်ကို ပေါ်ထွက်လာစေခဲ့တယ်ဆိုပြီး သမ္မတ ဘရက်အိုဘားမားက ကြေညာချက်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

This item is part of
XS
SM
MD
LG