သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုရေကာတာ စီမံကိန်းဆိုင်းငံ့ဖို့ မဲခေါင်ကော်မရှင်ဆုံးဖြတ်


လာအိုရေကာတာ စီမံကိန်းဆိုင်းငံ့ဖို့ မဲခေါင်ကော်မရှင်ဆုံးဖြတ်
လာအိုရေကာတာ စီမံကိန်းဆိုင်းငံ့ဖို့ မဲခေါင်ကော်မရှင်ဆုံးဖြတ်

လာအိုနိုင်ငံအတွင်း မဲခေါင်မြစ်အောက်ပိုင်းမှာ အငြင်းပွားစရာဖြစ်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ ဆောက်လုပ်မှုစီမံချက်ကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချမယ့်ကိစ္စကို အချိန်ရွှေ့ဆိုင်းဖို့ အာဆီယံ ၄ နိုင်ငံက အစိုးရဝန်ကြီးတွေက မနေ့ကဆုံးဖြတ်လိုက်ပါတယ်။

ဒီရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ရေရှည်ခံမယ့် တိုးတက်မှုတွေနဲ့ စီမံခန့်ခွဲမှုတွေအတွက် အချက်အလက်တွေ သိနိုင်အောင် ဆက်ပြီးလေ့လာဖို့လိုသေးတယ်လို့ ကမ္ဘောဒီးယားနိုင်ငံမှာ လုပ်ခဲ့တဲ့ အစည်းအဝေးအပြီး မဲခေါင်မြစ်ကော်မရှင်က မနေ့ကပဲ ပြောပါတယ်။

လာအိုနိုင်ငံမှာတည်ဆောက်မယ့် ဆာရာဘူရီ ရေကာတာအတွက် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ကုန်ကျပါလိမ့်မယ်။ လာအိုဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး အဲဒီ ဆာရာ ဘူရီရေကာတာက ထွက်မယ့် ရေအားလျှပ်စစ် ကီလိုဝပ် ၁,၂၆၀ ကို ထိုင်းနိုင်ငံဆီရောင်းချမယ်ဆိုရင် စီးပွားရေးအမြတ်အစွန်း အကြီးအကျယ်ရလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

ဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေက သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း စောင့်ရှောက်ရေး အုပ်စုတွေကတော့ ဒီရေကာတာ စီမံကိန်းကြောင့် မဲခေါင်မြစ်အတွင်းမှာရှိတဲ့ ငါးတွေနေရာရွှေ့ပြောင်းမှုတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ မဲခေါင်မြစ်ဝှမ်းတလျှောက်မှာ မှီတင်းနေထိုင်ကြတဲ့ လူ သန်းပေါင်း ၆၀ လောက်ရဲ့ ဘဝတွေကိုလည်း ထိခိုက်နစ်နာမှုတွေ ရှိလာလိမ့်မယ်လို့ ဆိုနေပါတယ်။

လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေက အရာရှိတွေကတော့ ဒီရေကာတာ တည်ဆောက်ပြီးရင် ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ဆက်ပြီးလေ့လာစူးစမ်းဖို့ ဂျပန်နဲ့ တခြားနိုင်ငံတွေကို ချဉ်းကပ်သွားမယ်လို့ ဆိုပါတယ်။ လာအိုနိုင်ငံအနေနဲ့တော့ အခုလို ကမ်းလှမ်းချက်တွေကို ဂရုမစိုက်ဘဲ ရေတာကာစီမံကိန်းကို ဆက်ပြီးလုပ်ဆောင်သွားနိုင်ပါတယ်။

XS
SM
MD
LG