သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး


ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး
ဆီးရီးယားအစိုးရနှိပ်ကွပ်မှုကြောင့် အရပ်သား သေဆုံးမှုတိုး

ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့မှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ အရပ်သူအရပ်သား သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

ဟုမ်းစ်မြို့ဟာ ဆီးရီးယားသမ္မတ ဘက်ရှာအလ်အာဆဒ်ကို အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်နေတဲ့ မြို့တခုဖြစ်ပြီး စီးနင်းတိုက်ခိုက်မှုတွေ တလကြာ ဆက်တိုက်ခံနေရတဲ့ မြို့လည်း ဖြစ်ပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဒီကနေ့အထိ လုပ်နေတာကြောင့် သေဆုံးသူတွေ ရာနဲ့ချီ ရှိနေပြီလို့လည်း လှုပ်ရှားသူတွေကပြောပါတယ်။

လူတွေ ဘယ်လောက် ထိခိုက်သေဆုံးသလဲဆိုတဲ့ အရေအတွက်ကတော့ အတည်ပြုဖို့မဖြစ်နိုင်သေး ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးရီးယားနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေကို တင်းကျပ် ချုပ်ချယ်ထားလို့ပါ။ ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်လေ့လာနေတဲ့ လူ့အခွင့်အရေး အဖွဲ့ကတော့ ဒီကနေ့ တိုက်ခိုက်မှုတွေကြောင့် အဆောက်အဦး ၂၀ ကျော် အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံက အကျပ်အတည်းတွေကို ဆီးရီးယားနိုင်ငံသားတွေ အချင်းချင်းတွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာသင့်တယ်။ ဆီးရီးယားက အခြေအနေတွေ ဘာဖြစ်မယ်ဆိုတာကို နိုင်ငံတကာက ကြိုပြီး ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူးလို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂီ လာဗ်တော့ဗ်က ဒီကနေ့ ပြောပါတယ်။ ဆီးရီးယားသမ္မတ မစ္စတာ အာဆဒ်ကတော့ အတိုက်အခံတွေနဲ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်ဖို့ ဒုသမ္မတကို ဦးဆောင်စေချင်တယ်လို့ မနေ့က ပြောပါတယ်။

XS
SM
MD
LG