သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အတိုက်အခံခေါင်းဆောင်အမှု အပြီးသတ်လျှောက်လဲချက်တင်


အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံနေရသူ မလေးရှားအတိုက်အခံခေါင်းဆောင် အဏ္ဍဝါ အီဘရာဟင်
အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံနေရသူ မလေးရှားအတိုက်အခံခေါင်းဆောင် အဏ္ဍဝါ အီဘရာဟင်

မလေးရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် အဏ္ဍဝါ အီဘရာဟင်ကို မသင့်လျော်တဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီးတော့ တရားရုံးတင် စစ်ဆေးနေတာမှာ မစ္စတာ အဏ္ဍဝါကို ပြစ်ဒဏ်ချဖို့ သံသယအကျိုး ခံစားခွင့်ပေးစရာမလိုလောက်အောင် သက်သေအထောက်အထားတွေရှိတယ်လို့ အစိုးရရှေ့နေတွေက တရားခွင်အပြီးသတ်လျှောက်လဲချက်မှာ ပြောသွားပါတယ်။

ဒါပေမဲ့ မစ္စတာ အဏ္ဍဝါကတော့ သူ့ကို ဘာနဲ့မှ အထောက်အထားမပြနိုင်ပါဘူး၊ သူ့ကို ပြန်လွှတ်ပေးသင့်တယ် လို့ တရားခွင်အပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။ မစ္စတာ အဏ္ဍဝါဟာ ၂၀၀၈ ခုနှစ်က သူ့ရဲ့ တိုက်ခန်းမှာ သူ့ရဲ့လက်ထောက်ကို အတင်းအဓမ္မလိင်ဆက်ဆံခဲ့တယ်လို့ သူ့ရဲ့လက်ထောက်ဟောင်းက ပြောတာဖြစ်ပါတယ်။

အသက် ၆၄ နှစ်အရွယ် မစ္စတာအဏ္ဍဝါကတော့ သူ့မှာ အပြစ်မရှိကြောင်း သူ့ကိုစွဲဆိုချက်က နိုင်ငံရေး အကြံအစည်နဲ့ပြုလုပ်တာဖြစ်ကြောင်း ပြောပါတယ်။

ဒီသီတင်းပတ်မှာ အမှုစစ်ဆေးတာ ပြီးဆုံးမှာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပါက သူ့အနေနဲ့ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ရဖွယ်ရှိပါတယ်။ မစ္စတာ အဏ္ဏဝါ (Anwar) ဟာ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် Najib Razak ရဲ့ အဓိက ယှဉ်ပြိုင်ဘက်ဖြစ်ပါတယ်။ သူ့ရဲ့ပါတီဟာ ပြီးခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ နေရာအတော်များများကို အနိုင်ရရှိခဲ့ပါတယ်။ ပြစ်မှုထင်ရှားတွေ့ရှိခဲ့ရင် နောက်နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ သူပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

XS
SM
MD
LG