သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ပြန် အမေရိကန်စစ်သည်တွေကို အိုဘားမား ဂုဏ်ပြု

အီရတ်ပြန် အမေရိကန်စစ်သည်တွေကို အိုဘားမား ဂုဏ်ပြု
အီရတ်ပြန် အမေရိကန်စစ်သည်တွေကို အိုဘားမား ဂုဏ်ပြု

သမ္မတနဲ့အတူ သမ္မတကတော် Michelle Obama ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ မြောက်ကာရိုးလိုင်းနား ပြည်နယ်မှာ အခြေစိုက်တဲ့ Fort Bragg တပ်စခန်းမှာ စကားပြောဆိုခဲ့ပါတယ်။

အမေရိကန်တပ်သားတွေ အီရတ်ကနေ နောက်ဆုံးအသုတ်အဖြစ် ထွက်ခွာဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ သမ္မတအိုဘားမားက ဂုဏ်ပြုစကားပြောကြားတာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေရဲ့ ထွက်ခွာမှုနောက်မှာ အီရတ်ဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တည်ငြိမ်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓာတ်တွေနဲ့ ကျန်ခဲ့ကြမှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

တပ်သားတွေကို ပြောရာမှာ သူတို့ဟာ တကယ့်ကို ထူးကဲတဲ့ အောင်မြင်မှုတွေ ရခဲ့ကြတယ်လို့လည်း ဂုဏ်ပြု ပြောဆိုပါတယ်။ အီရတ်နိုင်ငံနဲ့ အနာဂတ်ဟာ ခုချိန်မှာ အီရတ်ပြည်သူတွေလက်ထဲမှာ ရှိနေပြီလို့လည်း ဆိုပါတယ်။

အမေရိကန်တပ်တွေဟာ အီရတ်မှာ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုတွေ၊ အသေခံတိုက်ခိုက်မှုတွေ၊ လက်ဖြောင့်သေနတ်သမားတွေရဲ့ပစ်ခတ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သမ္မတက အသိအမှတ်ပြု ပြောပါတယ်။ ဒါ့အပြင် စစ်ဖြစ်နေတဲ့ ၉ နှစ်တာနီးပါးမှာ ကျဆုံးခဲ့ကြရတဲ့ Fort Bragg တပ်က တပ်သား ၂၀၀ ကျော်အပါအဝင် အမေရိကန်စစ်သည် ၄၅၀၀ နီးပါးကိုလည်း ဂုဏ်ပြုကြောင်းပြောပါတယ်။

အမေရိကန်တပ်တွေဟာ အီရတ်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး အပြီး ထွက်ခွာနေတာ ဖြစ်ပါတယ်။ အီရတ်မှာ ၂၀၀၃ ခုနှစ် မတ်လကစပြီး စစ်ဖြစ်နေခဲ့တာမှာ အီရတ်ပြည်သူတွေလည်း သောင်းနဲ့ချီပြီးတော့ အသက်တွေ၊ အိုးအိမ်တွေ ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG