သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဂျုံအွန်း ကွယ်လွန်သူဖခင် ကင်မ်ဂျုံအီးလ်ကိုဂါရဝပြု


ကင်မ်ဂျုံအွန်း ကွယ်လွန်သူဖခင် ကင်မ်ဂျုံအီးလ်ကိုဂါရဝပြု
ကင်မ်ဂျုံအွန်း ကွယ်လွန်သူဖခင် ကင်မ်ဂျုံအီးလ်ကိုဂါရဝပြု

မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖွယ်ရှိတဲ့ ကင်ဂျုံအွန်းက ပြုံယမ်းမြို့မှာရှိတဲ့ သမ္မတအာဇာနည်ဗိမာန် ကို အင်္ဂါနေ့မှာ သွားရောက်ပြီး စနေနေ့တုန်းက ကွယ်လွန်သွားတဲ့ သူ့ရဲ့ဖခင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ရုပ်ကလာပ်ကို သွားရောက် ဂါရဝပြုခဲ့သလို၊ တိုင်းပြည်အနှံ့မှာလည်း ပူဆွေးသောကရောက်နေကြပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ တတိယမြောက်သားလည်းဖြစ် အငယ်ဆုံးသားလည်းဖြစ်တဲ့ ကင်ဂျုံအွန်းနဲ့ ထိပ်တန်း နိုင်ငံခေါင်းဆောင်တွေ တက်ရောက်တဲ့ ထုံးတမ်းအစဉ်အလာ အခမ်းအနားကို မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ကင်မ်ဂျုံအီးလ်ကွယ်လွန်ကြောင်း တနင်္လာနေ့မှာ ကြေညာပြီးတဲ့နောက် ပထမဦးဆုံးအကြိမ်အဖြစ် သားဖြစ်သူကင်ဂျုံအွန်းရဲ့ လှုတ်ရှားမှုအကြောင်းကို အလေးပေး ထုတ်လွှင့်သွားတာဖြစ်ပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ ရုပ်အလောင်းကို မှန်အခေါင်းသွင်းပြီး ၁၉၉၄ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ သူ့ရဲ့ဖခင် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခဲ့သူ ကင်အီဆွန်း ရုပ်အလောင်းထားတဲ့နေရာ အနီးမှာ ထားရှိကြောင်း သိရပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ အသုဘအခမ်းအနားကျင်းပမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ မြောက်ကိုရီးယား နိုင်ငံမှာ ဝမ်းနည်းပူဆွေးမှု ကာလအဖြစ်သတ်မှတ်ထားတာပါ။ ဘယ်နိုင်ငံခြားတိုင်းပြည်က ကိုယ်စားလှယ်အဖွဲ့ကိုမှ အသုဘ အခမ်းအနားကို တက်ရောက်ခွင့် ပြုမှာမဟုတ်ဖူးလို့လည်း နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အသက် ၂၈ နှစ် အရွယ်ရှိတဲ့ကင်မ်ဂျုံအွန်းကို မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်တဦးအဖြစ်အသိအမှတ်ပြုစကားပြောဆိုခဲ့သလို မြောက်ကိုရီးယား မီဒီယာကလည်း ကင်မ်ဂျုံအွန်းကို နိုင်ငံရဲ့ ကြီးမြတ်တဲ့ အမွေဆက်ခံသူ ဆိုပြီး သုံးနှုန်း ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG