သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အမေရိကန်အဆင်သင့်ရှိ


မြောက်ကိုရီးယားပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အမေရိကန်အဆင်သင့်ရှိ
မြောက်ကိုရီးယားပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ အမေရိကန်အဆင်သင့်ရှိ

မြောက်ကိုရီးယားနိုင်ငံ အမျိုးသားကာကွယ်ရေး ကော်မရှင်ဥက္ကဋ္ဌ ကင်မ်ဂျုံအီးလ် ကွယ်လွန်သွားတဲ့ အတွက် မြောက်ကိုရီးယားနိုင်ငံ တဝန်း ဝမ်းနည်းကြေကွဲနေချိန်မှာ မြောက်ကိုရီးယားပြည်သူတွေ ကျန်းမာချမ်းသာစေဖို့ အမေရိကန်ပြည်ထောင်စုက ဆုတောင်းမေတ္တာပို့သလိုက်ပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဒီဇင်ဘာလ ၁၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ဦးဆောင်မည့် ခေါင်းဆောင်သစ် အနေနဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို လေးစားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်အောင်ဆောင်ရွက်ရင်း နိုင်ငံကို ငြိမ်းချမ်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပဲ့ကိုင်သွားလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်တဲ့ အကြောင်း အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ ရေရှည်တည်တံ့မယ့်၊ လုံခြုံတဲ့ ခေတ်သစ်ကို လမ်းပြနိုင်အောင် မြောက်ကိုရီးယားပြည်သူတွေကို ကူညီဖို့ အမေရိကန်ပြည်ထောင်စုက ရပ်တည်ပေးဖို့ အဆင်သင့်ရှိကြောင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းအနေနဲ့လည်း နိုင်ငံတကာ အသိုက်အဝိုင်းနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG