သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လု နီးပြီ


ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လု နီးပြီ
ဆီးရီးယားအစိုးရ နေဝင်ချိန် ရောက်လု နီးပြီ

ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ်ဒ်ရဲ့ အစိုးရကတော့ နောက်ဆုံး နေဝင်ချိန်ကို ရောက်နေပါပြီလို့ အမေရိကန် သမ္မတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကပဲ ပြောလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေက ၂ ရက်အတွင်း လူ ၂၀၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက်ပိုင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်တို့ကို အတိုက်အခံ ဆီးရီးယားအမျိုးသား ကောင်စီက တိုက်တွန်းလိုက်ပါတယ်။

ဇဝီယာတောင်၊ အစ်ဒ်လစ်မြို့နဲ့ ဟုမ်းစ်မြို့တွေမှာ မကြာခင်က အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးခေါ်ပြီး ဆွေးနွေးဖို့ မနေ့တုန်းကပဲ ဆီးရီးယားအတိုက်အခံကောင်စီက တောင်းဆိုတိုက်တွန်းလိုက်တာပါ။ ၄၈ နာရီအတွင်း လူ ၂၅၀ သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားအတိုက်အခံကောင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက စတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုဟာ အသေအပျောက်အများဆုံး အဖြစ်အပျက်တခုပါ။ အခုဖြစ်ခဲ့တဲ့ ဒေသတွေကို လုံခြုံတဲ့ဇုံနယ်မြေအဖြစ်သတ်မှတ်ပေးပြီး အစိုးရတပ်ဖွဲ့တွေဆုတ်ခွာအောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂကို ဆီးရီးယားအတိုက်အခံတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ဖို့ ရုရှားနိုင်ငံက တင်သွင်းတဲ့မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့မှာ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု ထပ်လုပ်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG