သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဗဟိုဘဏ်က EU နိုင်ငံတွေကို ယူရိုဘီလီယံ ၆၃၈ သန်း ချေး

The Euro sculpture stands in front of the European Central Bank, right, in Frankfurt, Germany, December 16, 2011.
The Euro sculpture stands in front of the European Central Bank, right, in Frankfurt, Germany, December 16, 2011.

အီးယူ-ဥရောပနိုင်ငံတွေမှာ အစိုးရပိုင်း ကြွေးမြီပြဿနာတွေ ရိုက်ခတ်မှု ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတာကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဥရောပဗဟိုဘဏ်ကြီးက နိုင်ငံပေါင်း ၁၇ နိုင်ငံမှာရှိတဲ့ ဘဏ်တွေကို ငွေအလုံးအရင်းနဲ့ ချေးငှားခွင့်ပေးခဲ့ပါတယ်။

ဘဏ်ပေါင်း ၅၂၃ ဘဏ်ကို ၃ နှစ်ချေးငွေ၊ ဒေါ်လာသန်း-ဘီလီယံပေါင်း ၆၃၈ ဘီလီယံ ချေးငှားခွင့်ပေးခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေ အကြွေးနဲ့ဝယ်ယူနိုင်ဖို့ ဖြစ်သလို ကြွေးမြီပြဿနာတက်နေတဲ့ အစိုးရတွေရဲ့ ငွေစုလက်မှတ်တွေကိုပါ ဝယ်ယူနိုင်ဖို့ ဖြစ်ပါတယ်။

ဒါဟာ ယူရိုငွေကြေးသမိုင်းမှာ ၁၃ နှစ်အတွင်း အများဆုံးချေးငွေ ချပေးတာပါ။ ဒီ ငွေကြေးပမာဏဟာ ကြီးမားပေမယ့် ငွေပြတ်နေတဲ့ ဘဏ်တွေကို အကူအညီပေးဖို့ အင်အားက သိပ်နည်းနေတယ်လို့ ငွေကြေးဆိုင်ရာ သုံးသပ်သူတွေက ပြောပါတယ်။

ငွေကြေးပြဿနာတက်နေတဲ့ ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေ စီးပွားရေးကောင်းလာစေဖို့ ကြွေးသစ် ချထားပေးတာထက် အခုလို ဘဏ်တွေကို ငွေချပေးတာက သူတို့ရဲ့အကြွေးတွေအတွက် အတိုး နှုန်းတား ပြန်လည်တွက်ချက် သတ်မှတ်တာမျိုး၊ ဒါမှမဟုတ် သူတို့အတွက် အရံငွေတိုးလာစေဖို့ လုပ်ဆောင်တာမျိုးလို့လည်း ပြောပါတယ်။

ဒီချေးငွေဟာ ဘဏ်တွေအတွက် အထောက်အကူရစေမှာ ဖြစ်သလို ဗဟိုဘဏ်ကြီးဆီက ရန်ပုံငွေရဖို့ မျှော်ကိုးမနေရဘဲ ကိုယ်ပိုင်သီးခြားရပ်တည်မှုတွေ ရှိလာစေမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG