သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ယာမြေပိုင်ဆိုင်ခွင့် တရုတ်ဝန်ကြီးချုပ်ထောက်ခံ


လယ်ယာမြေပိုင်ဆိုင်ခွင့် တရုတ်ဝန်ကြီးချုပ်ထောက်ခံ
လယ်ယာမြေပိုင်ဆိုင်ခွင့် တရုတ်ဝန်ကြီးချုပ်ထောက်ခံ

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဖွံ့ဖြိုးမှုစီမံကိန်းတွေအတွက် လယ်မြေတွေအသိမ်းခံရတဲ့ လယ်သမားတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးဖို့နဲ့ ရရှိတဲ့အမြတ်တွေထဲက ဝေပုံကျအချိုး အစား အတော်များများကို လယ်သမားတွေကို ပေးမှဖြစ်မယ်လို့ တရုတ်အစိုးရအရာရှိတွေကို သတိပေးလိုက်ပါတယ်။

ဘေဂျင်းမြို့က ညီလာခံတခုမှာ ဝန်ကြီးချုပ်ဝမ်ကျားပေါင်က လယ်သမားအခွင့်အရေးကို ခုခံကာကွယ် ပြောဆိုလိုက်တာပါ။ ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်းမှာ လယ်သမားတွေက မတရား လယ်မြေ အသိမ်းခံရတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပြီးနောက် တပတ်မပြည့်ခင်မှာ အင်္ဂါနေ့ကကျင်းပတဲ့ ညီလာခံမှာ ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ခုလို လယ်သမားတွေဘက်က ကာကွယ် ပြောဆိုလာတာပါ။

လယ်ယာတွေကိုကာကွယ်ရေးဟာ ဥပဒေအရ လယ်သမားတွေရဲ့ အခွင့်အရေးဖြစ်တယ်လို့ ဆိုပါတယ်။ လယ်ယာတွေကို တခြားကိစ္စအတွက် အသုံးပြုမယ်ဆိုရင် အာဏာပိုင်တွေအနေနဲ့ အကျိုးအမြတ်တွေကို လယ်သမားတွေကို များများပိုပြီး ခွဲဝေပေးရလိမ့်မယ်လို့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG