သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်း အိန္ဒိယအောက်လွှတ်တော်အတည်ပြု

အိန္ဒိယလွှတ်တော်အဆောက်အဦးရှေ့တွင် လုံခြုံရေးအရာရှိများ စောင့်ကြပ်နေစဉ် (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၁)
အိန္ဒိယလွှတ်တော်အဆောက်အဦးရှေ့တွင် လုံခြုံရေးအရာရှိများ စောင့်ကြပ်နေစဉ် (ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၁၁)

အိန္ဒိယနိုင်ငံက အစိုးရအရာရှိကြီးတွေ၊ ဗျူရိုကရက်တွေ၊ နိုင်ငံရေးသမားတွေရဲ့ အဂတိ လိုက်စားမှုတွေကို စိစစ်ဖို့အတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သမိုင်းတွင်မယ့်ဥပဒေကို အိန္ဒိယအောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ဝန်ကြီးချုပ်မဲန်မိုဟန်ဆင်းက ဒီဥပဒေကြမ်း အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကြားကပဲ လွှတ်တော်မှာ နာရီပေါင်းများစွာ အခြေအတင်ဆွေးနွေးပွဲတွေ အကြိတ်အနယ် ဆင်နွဲခဲ့ပြီး အင်္ဂါနေ့က အတည်ပြုနိုင်ခဲ့တာပါ။ လွှတ်တော်ထဲမှာ ဒီဥပဒေကြမ်းဆွေးနွေးနေတဲ့အချိန်မှာပဲ မွမ်ဘိုင်းမြို့မှာ အဂတိတိုက်ဖျက်ရေးလှုပ်ရှားသူ Anna Hazare ကလည်း ၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပွဲကို ဆင်နွဲနေတာနဲ့ တိုက်ဆိုင်နေပါတယ်။

အရိုးစွဲနေတဲ့ အဂတိလိုက်စားမှုပြဿနာကို အစိုးရက ကိုင်တွယ်မယ်ဆိုရင် ထိရောက်မှုမရှိနိုင်ကြောင်း၊ ဒါ့ကြောင့် လွတ်လပ်တဲ့စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးဖို့ ဥပဒေကြမ်းကို ပြင်ဆင်မှဖြစ်မယ်လို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အတိုက်အခံ BJB ပါတီကလည်း ဒီဥပဒေမှာ လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ ပြစ်တင်ဝေဖန်နေပါတယ်။

အိန္ဒိယအစိုးရကတော့ ဒီသမိုင်းတွင်မယ့်ဥပဒေကို မနက်ဖြန် ကြာသာပတေးနေ့မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်နေပေမယ့် အတိုက်အခံပါတီတွေက ဥပဒေကြမ်းမှာ ပြင်ဆင်စရာတွေ အများကြီးရှိတယ်လို့ တောင်းဆိုနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

This item is part of
XS
SM
MD
LG