နယူးယောက်မြို့ ကုန်သွယ်ရေးမိုးမျှော်တိုက်ညီနောင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာနဲ့ မနီးမဝေးမှာ အစ္စလမ်ဘာသာဝင်တွေ ဗလီဆောက်ခွင့် တောင်းခံထားတာကို အခြေခံပြီး အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေအကြား ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ပိုပြီးများလာနေပါတယ်။ ဒီအကြောင်းနဲ့အတူ အမေရိကန် စီးပွားရေးအကြောင်း ဆွေးနွေးချက်တွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ တင်ပြထားပါတယ် ။